အဖေများနေ့ အမှတ်တရစကားတွေပြောလာပါတယ်။

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ အဖေများနေ့မှာ အဖေရှိတဲ့ သားသမီးတိုင်းကို အားကျတယ်လို့ဆိုလာပါတယ်။ 

Photo: Eaindra Kyaw Zin



အိန္ဒြာကျော်ဇင်ကတော့ အဖေများနေ့မှာ သူမရဲ့ ဖခင်ကို လွမ်းဆွတ် သတိရနေပါတယ်။ ဒါကြောင့် ခင်ပွန်းဖြစ်သူနဲ့ သူမရဲ့ ဖခင်အတွက် အဖေများနေ့ အမှတ်တရအဖြစ် ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

" ကျွန်မ၏ တန်ဖိုးမဖြတ်နိုင်သော ဖေဖေ နှင့် ကျွန်မ၏ တန်ဖိုးရှိသော ခင်ပွန်း တို့အတွက် ဂုဏ်ပြုပါသည်။ အဖေရှိသောသူတိုင်းကို အားကျပါ၏ ။ "Happy Father’s Day”အဖေများအားလုံးကို လေးစားလျှက်....." ဆိုပြီးတော့ ဇွန်လ (၂၁) ရက်နေ့ မနက် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Eaindra Kyaw Zin

လက်ရှိမှာတော့ အိန္ဒြာကျော်ဇင်ဟာ မိခင်ရယ်၊ ခင်ပွန်းရယ်၊ သမီးကြီး ၊ သားလေးတို့နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် သရုပ်ဆောင် အလုပ်သာမက ၊ ပန်းချီဆွဲတာ ၊ ဂစ်တာတီးတာ၊ သီချင်းဆိုတဲ့ နေရာမှာပါ ထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။ ဝါသနာပါတဲ့အရာလေးတွေကိုလည်း လက်ရှိ Stay Home ကာလမှာ မကြာခဏ လုပ်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ 

Photo: Eaindra Kyaw Zin

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ သူမဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ သူပါ။ အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အိမ်ထောင်သက်တမ်း ၉ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ သူတို့မှာတော့ ချစ်စရာကောင်းတဲ့ သမီးကြီး ပြေသုဒြာနဲ့ ချစ်စရာကောင်းတဲ့ သားငယ်လေး ပြေဓီရ တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က