နန္ဒာလှိုင်က သူမရဲ့ သဘောထားကို အခုလို ပြောပြထားပါတယ်။

နန္ဒာလှိုင်တို့ မိသားစုကတော့ Covid Positive ဖြစ်နေတဲ့ ညီမဖြစ်သူရဲ့ ကလေး(၃) ယောက်တို့ဟာ ထိတွေ့ခဲ့သူတွေ ဖြစ်တာကြောင့် Home Quarantine ဝင်နေခဲ့တာ ဖြစ်ပါတယ်။

Photo: Sein Phyo Hlaing



သရုပ်ဆောင် နန္ဒာလှိုင် ရဲ့ ညီမဖြစ်သူ မနွေးနွေးလှိုင်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ Covid Positive ဖြစ်ခဲ့ပြီး မနွေးနွေးလှိုင်ရဲ့ ခင်ပွန်းကတော့ နှလုံးရောဂါအခံရှိတာကြောင့် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ညီမဖြစ်သူ နွေးနွေးလှိုင်တို့ ဆေးကုသမှု ခံယူနေရချိန်မှာ ညီမရဲ့ ကလေးတွေကို သရုပ်ဆောင် မောင်နဲ့ နန္ဒာလှိုင်တို့မိသားစုက စောင့်ရှောက်ပေးခဲ့တာလည်း‌တွေ့ရပါတယ်။ အခုချိန်မှာတော့ နန္ဒာလှိုင်တို့ မိသားစုဟာ ပိုးတွေ့လူနာနဲ့ တိုက်ရိုက်ထိတွေ့ခဲ့တာမဟုတ်ဘဲ တစ်ဆင့်ခံ ထိတွေ့ ဆက်ဆံခဲ့တာကြောင့် နေအိမ်မှာ (၁၄) ရက်တိတိ Home Quarantine ဝင်နေတယ်လို့ ဆိုပါတယ်။

" ကျွန်တော်တို့ မနန္ဒာတို့နေတဲ့အိမ်က ပိုးတွေ့လူနာနဲ့ တိုက်ရိုက်ထိတွေ့ခဲ့တာမဟုတ်ပဲ Primary Contact ဖြစ်တဲ့ ကလေးသုံးယောက်နဲ့ထိတွေ့ခဲ့တာဖြစ်တဲ့အတွက် Secondary Contact ဖြစ်ပါတယ်။ ဒါကြောင့် Home Quarantine လုပ်ထားလို့ အိမ်ကလူတွေလဲ အပြင်ထွက်လို့မရပါဘူး။ ချစ်ခင်လို့ ပစ္စည်းတွေလာပို့ပေးကြတာကျေးဇူးတင်ပင်မဲ့ အန္တရာယ်များလို့မလာစေချင်ပါဘူး။ လိုအပ်ရင်ပြောပါမယ်ခင်ဗျ" ဆိုပြီးတော့ သရုပ်ဆောင် မောင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Sein Phyo Hlaing

အဲဒီနောက် သရုပ်ဆောင် နန္ဒာလှိုင်ကလည်း သူ့ရဲ့ မောင်ဖြစ်သူ တင်ထားတဲ့ Post ကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြန်လည် မျှဝေခဲ့ရင်း စက်တင်ဘာလ(၁၈) ရက်နေ့ကစလို့ ကန်ရိပ်သာလမ်းအိမ်မှာ နေထိုင်တဲ့ မိသားစုတွေအနေနဲ့ (၁၄) ရက်အကြာ Home Quarantine ဝင်ရမယ့်အကြောင်း ထပ်မံရေးသားထားတာ တွေ့ရပါတယ်။ 

Covid ရောဂါနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှုက အစ ဂရုတ စိုက်နေသင့် တယ်လို့လည်း နန္ဒာလှိုင်က ဆက်လက် ပြောပြထားပါသေးတယ်။ 

"Positive ဖြစ်နေတဲ့သူကိုကြောက်ရမှာထက် Positive ဖြစ်နေမှန်းမသိဘဲဘေးပတ်ဝန်းကျင်ကိုကူးစက်သွားမှာကိုပိုကြောက်ရမှာပါ။ ဒီရောဂါကအရမ်းကိုကြောက်စရာကောင်းပါတယ်။ နေ့မြင်ညပျောက်မဟုတ်ပါဘူး အခုမြင်အခုပျောက်ပါ။ ငယ်ရွယ်တယ်၊ ကျန်းမာတယ်၊ သန်စွမ်းတယ်ဆိုပြီးမပေါ့ဆပါနဲ့။ ရောဂါအခံတစ်ခုခုရှိသူတွေပိုအရေးကြီးပါတယ်။ သတိထားကြပါ။ မဖြစ်အောင်ကြိုတင်ကာကွယ်ကြပါ။ ဖြစ်ပြီဆိုလဲလုပ်သင့်လုပ်ထိုက်တာကိုလုပ်ကြပါ" ဆိုပြီးတော့ စက်တင်ဘာလ (၂၁) ရက်နေ့ မနက်(၆) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Dior

နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။ မိသားစုကို အချိန်ပေးရင်းနဲ့ သူမရဲ့ ကုမ္ပဏီဖြစ်တဲ့ မဟာနန္ဒာထရိတ်ဒင်းကုမ္ပဏီကနေ Missha အလှကုန်ပစ္စည်းများကိုလည်း မြန်မာနိုင်ငံမှာ တင်သွင်းဖြန့်ဖြူးလျက်ရှိပါတယ်။အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ယခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က