''ဒုဌဝတီကို လွန်၍'' ရုပ်ရှင်ကားကြီး ပြသမှာဖြစ်ပါတယ်။

နိုင်းနိုင်းက ‘’ဒုဌဝတီကို လွန်၍’’ ရုပ်ရှင်ကားကြီးကို ဘန်ကောက်မှာ ပြသမှာဖြစ်လို့ ဘန်ကောက်မှာရှိတဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း လုပ်နေသလို မိသားစုကိုလည်း အချိန်ပေးနေသူပါ။

Photo: Actor 99



သရုပ်ဆောင် နိုင်းနိုင်း ပါဝင်တဲ့ ‘’ဒုဌဝတီကို လွန်၍’’ ရုပ်ရှင်အဖွဲ့သားတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေကြတာဖြစ်ပါတယ်။ ‘’ဒုဌဝတီကို လွန်၍’’ ဇာတ်ကားကို ဘန်ကောက်မှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ နိုင်းနိုင်းက ပြောပါတယ်။

‘’ဘန်ကောက် က မြန်မာ ပရိသတ်များ နှင့်တွေ့။ အရမ်းချစ်ဖို့ကောင်းသော ရွှေမြန်မာများ ဘန်ကောက်မှာ ပထမဆုံး ရုံတင်ပြသသော ရုပ်ရှင်ဇာတ်ကား’’ ဆိုပြီးတော့ ဘန်ကောက်မှာရှိတဲ့ မြန်မာပရိသတ်တွေနဲ့ရိုက်ကူးထားတဲ့ အမှတ်တရ ဓာတ်ပုံတွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ Actor 99 Facebookpage မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Actor 99

‘’ဒုဌဝတီကို လွန်၍’’ ရုပ်ရှင်ကားဟာ မြန်မာနိုင်ငံမှာသာမက စင်္ကာပူနိုင်ငံမှာပါ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ စွန့်စားခန်းတွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် တကယ်ကို အားရစရာကောင်းတဲ့ စကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ အာကာ က ရိုက်ကူးတာဖြစ်ပြီး နိုင်းနိုင်း၊ ဇော်ဇော်အောင်၊ နော်အောင်၊ Joe Moreira နဲ့ အမွန်းတို့က ပါဝင်သရုပ်ဆောင်ခဲ့တာပါ။

Photo: Actor 99

နိုင်းနိုင်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိသလို အမေရိကန်နိုင်ငံ နယူးယော့ခ် မြို့မှာရှိတဲ့ မိသားစုတွေကိုလည်း မျှမျှတတ အချိန်ပေးလေ့ရှိပါတယ်။ နိုင်းနိုင်းနဲ့ ဇနီးဖြစ်သူ စန္ဒီချိုတို့ဟာ ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် သားသမီး ၄ ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo: Actor 99

နိုင်းနိုင်းရဲ့ဇနီးဖြစ်သူ စန္ဒီချို တို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ နိုင် းနိုင်းကတော့ ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိရင်တော့ မြန်မာနိုင်ငံကို ရောက်ရှိနေတတ်ပါတယ်။ အနုပညာအလုပ်တစ်ဖက်နဲ့ ဖြစ်တဲ့အတွက် မိသားစုဆီကို တစ်နှစ်ကို နှစ်ခေါက်သာ ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က