ဇနီးနဲ့ သမီးလေးကို စောင့်ရှောက်ဖို့ ကျန်းမာရေးဂရုစိုက်ရမယ်။

ကောင်းခန့်ဟာ ဘန်ကောက်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ ဇနီးဖြစ်သူနဲ့ သမီးလေးကို စောင့်ရှောက်ဖို့ ကျန်းမာရေးကို အဓိက ဂရုစိုက်ရမယ်လို့ သူကဆိုပါတယ်။

Photo: Kaung Khant



သရုပ်ဆောင် ကောင်းခန့်က ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ဆိုပါတယ်။ သူဟာသွေးပေါင်ချိန်တက်ပြီး အရေးပေါ်ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

‘’တကယ်မသေသေးပေမယ့် တကယ်အတိုင်းစဉ်းစားမိတော့ ငါ့သမီး ပညာရေး သူ့ဘဝ သူလျှောက်လှမ်းရမယ့် အနာဂတ်တွေအတွက် ကျွန်တော် အဖေတယောက်အနေနဲ့ ဘာမှမလုပ်ပေးရသေးဘူး။ သူ့ဘဝလေး သာယာငြိမ်းချမ်းဖို့ဆိုတာ ကျွန်တော် ခုချိန်မှာ ကြိုးစားမှ ရမှာ 

နောက်မျိုးစုံသော အတွေးတွေပေါ့ဗျာ။ နောက်ဆုံးတော့ ည ၈:၀၀ လောက်မှာ ကျွန်တော်လဲ သွေးပေါင်ချိန် ၁၈၀/၁၁၀ နဲ့ ဆေးရုံ အရေးပေါ် ရောက်သွားရော။  ဖေဖေတို့ မိသားစုလေး အတူတကွ အချိန်အကြာကြီးနေဖို့ အတွက် ဖေဖေ့ကိုယ် ဖေဖေ ချစ်ရတော့မယ် သမီးရေ ကောင်းခန့်’’ ဆိုပြီးတော့ မတ်လ ၂၇ ရက်နေ့ မနက် ၁၀ နာရီ ၅၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Kaung Khant

အဲဒီနောက် ကောင်းခန့်ဟာ အစ်ကိုအရင်းဖြစ်သူရဲ့ စကားကြောင့် ကိုယ့်ကျန်းမာရေးကိုယ် စောင့်ရှောက်ဖို့ အတွေးဝင်ဖြစ်ခဲ့တဲ့ အကြောင်းပြောလာပါတယ်။

‘’ဟျောင့်  ညီညီ မင်းသေသွားရင် ကျန်ခဲ့မယ့် မင်းရဲ့သမီးကို စောင့်ရှောက်ဖို့ ငါတာဝန်မယူနိုင်ဘူးနော်တဲ့။

စစချင်းတော့ ကိုယ်လဲ အမှုမဲ့အမှတ်မဲ့ဘဲ။ ဟုတ်ကဲ့ပေါ့ သိပါတယ်ပေါ့ လေ။ ကျွန်တော့်အစ်ကိုကတော့ ကျွန်တော့်ကျန်းမာရေးအတွက် ဆေးခန်းသေချာပြဖို့ပြောတာ။ နေ့လယ်လောက်ရောက်တော့ ဘာရယ်မဟုတ် အဲ့အတွေးက ခေါင်းထဲဝင်လာပါလေရော။ ဟုတ်တယ်ဟ ငါသေရင်ကျန်ခဲ့မယ့် ငါ့သမီးနဲ့ ငါ့မိန်းမဘဲ ဒုက္ခရောက်မှာ’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါတယ်။

Photo: Kaung Khant

သရုပ်ဆောင်ကောင်းခန့်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာဖြစ်ပါ တယ်။ အဲ့ဒီနောက် ပညာ ပေး ဇာတ်လမ်းတိုတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ ကောင်းခန့်ဟာ အိမ်ထောင်ရှင်ဘဝ ရောက်ရှိသွားချိန် မှာတော့ အရင်တုန်းကလောက် အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။ လက်ရှိမှာတော့ ကောင်းခန့်က မိသားစုကိုလည်း အချိန်ပေးနေတာ ဖြစ်သလို ကိုယ်ပိုင်စီးပွားရေးမှာ လည်း ဦးစားပေးလုပ်ဆောင်နေတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က