သူမရင်ထဲက ဝမ်းသာပီတိစကားတွေ ပြောလာပါတယ်။

ထက်ထက်မိုးဦးကတော့ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေရဲ့ မေတ္တာကြောင့် အခုဆိုရင် ဆေးရုံအကြာကြီး တက်နေရတဲ့ ဖခင်လည်း ကျန်းမာရေး ပြန်ကောင်းလာပြီလို့ ဆိုပါတယ်။ 

Photo: Htet Htet Moe Oo



ထက်ထက်မိုးဦးဟာ တစ်လနီးပါး ဆေးရုံတက်နေရတဲ့ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်လာတာကြောင့် ဝမ်းသာနေတယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ အချိန်ပြည့် ပြုစုပေးနေရတဲ့ သူမအတွက် ပင်ပန်းရကျိုးနပ်တယ်လို့ ပြောလာပါတယ်။ 

" ဆေးရုံမှာတစ်လပြည့်လုနီးကြာပြီ။ အဖေလည်း သက်သာလာတာတွေ့ရတော့သမီးပင်ပန်းရကျိုးနပ်ပါပြီ။ လွန်ခဲ့တဲ့ ၇ နှစ်ခန့် က ischaemic heart disease ဖြစ်တော့သွေးကြော၂ချောင်းချဲ့ရတယ်။ အချိန်မီအသက်ကယ်လို့ရခဲ့တယ်။ အခုလည်း ပြန်သက်သာလာအောင်သမီးကြိုးစားခွင့်ရခဲ့တယ်။ အဖေလည်း အဖေ့ရဲ့သီလနဲ့ကျွန်မကိုချစ်တဲ့သူတွေဝိုင်းပြီးဆုတောင်းပေးကြတဲ့အတွက်အဖေသက်သာလာတာ" ဆိုပြီးတော့ ဇူလိုင်လ ၆ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Htet Htet Moe Oo

ကျန်းမာရေး အနည်းငယ် သက်သာလာပြီဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ ဖခင်အတွက် မိတ်ဆွေ၊ အပေါင်းအသင်းနဲ့ ပရိသတ်တွေကလည်း ဝမ်းသာမိတဲ့အကြောင်းတွေကို Comment မှာ ရေးသားခဲ့ကြတာ တွေ့ရပါတယ်။ ထက်ထက်မိုးဦးဟာ သူပြုခဲ့တဲ့ ကုသိုလ်အကျိုးတွေကြောင့် သေပျော်ပါပြီလို့လည်း ပြောခဲ့ပါသေးတယ်။ 

" ကျွန်မဘဝဘယ်လိုပဲဖြစ်ဖြစ် ဘာအခက်အခဲနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရအားလုံးအဆင်ပြေပါတယ်။ ကျွန်မဘဝမှာကျွန်မရဲ့အသက်ချွေးနည်းစာနဲ့ဘုရားတည်၊ ကျောင်းဆောက်၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ရဟန်းတွေ၊ ဘုရားအမ၊ ကျောင်းအမ အဖြစ်လှူဒါန်းခဲ့ရတယ်။ ဘယ်သူအပေါ်မဆိုလည်းတတ်နိုင်တဲ့ ဘက်ကလိုက်ရော ကူညီပေးခဲ့တာတွေများကြီးနဲ့သေမယ်ဆိုကျွန်မခုသေပျော်နေပါပြီ" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။ 

Photo: Htet Htet Moe Oo

ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က