အသက်(၃၅) နှစ်ပြည့်ပြီလို့ သိရပါတယ်။

ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ မွေးနေ့မှာ ပြုလုပ်ခဲ့တဲ့ ကုသိုလ်အလှူလေးအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Ye Htoo Win



သရုပ်ဆောင် အဆိုတော် ဥက္ကာမင်းမောင်ကတော့ စက်တင်ဘာလ(၁၈) ရက်နေ့တုန်းက အသက်(၃၅) နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ကိုတော့ New York မြို့မှာရှိတဲ့ အိမ်ယာမဲ့တွေအတွက် ကုသိုလ်အလှူပြုခဲ့တယ်လို့ ဆိုပါတယ်။ 

"စက်တင်ဘာ ၁၈ မှာ 35 နှစ်ပြည့်ပြီ။ New York မှာ အိမ်ယာမဲ့ (၃၅) ယောက်အတွက် အစားအစာ ၊ ရေ ၊ မျက်နှာဖုံးတွေနဲ့ ပိုက်ဆံတွေ လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တယ် ။ ငါနဲ့ Chrissy တို့ မြို့ပတ်လမ်းလျှောက်ပြီး အိမ်ခြေမဲ့လူတွေကို နေရာတိုင်းမှာ လိုက်ရှာနေကြတယ် ။ အစားအစာတွေအားလုံးကို ဖယ်ထုတ်ဖို့ 7 နာရီလောက် အချိန်ယူလိုက်ရတယ် ။ သူတို့စားရတဲ့အခါ အရမ်းပျော်ကြတယ်. Happy Birthday ဆိုပြီး ဆုတောင်းပေးနေတာ။ အသဲတွေယားလိုက်တာ။ အဲဒီလို feeling မျိုး ဘယ်လိုရှင်းပြရမှန်းမသိဘူး" ဆိုပြီးတော့ စက်တင်ဘာလ(၂၁) ရက်နေ့ ည ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Ye Htoo Win

ဥက္ကာမင်းမောင်ဟာ သူ့ရဲ့ မွေးနေ့ အလှူကို မှတ်တမ်းလေး တင်ထားတယ်လို့ ဆိုပါတယ်။ အိမ်ယာမဲ့တွေ ရှိတဲ့နေရာကို ကိုယ်တိုင်သွားလှူခဲ့တာ ဖြစ်လို့ သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။ 

"သူတို့ပျော်နေတဲ့မျက်နှာတွေမြင်ရတော့ အရမ်းစိတ်ထိခိုက်တယ်။ဗီဒီယိုတချို့ကို မှတ်တမ်းတင်ထားတယ်။ မကြာခင် တင်ပေးပါမယ်။ ငါအသက်ကြီးလာတဲ့အခါ New York မှာ အိမ်ခြေမဲ့လူတွေနဲ့ ကျင်းပခဲ့တဲ့ ငါ့ရဲ့ (၃၅) နှစ်မြောက် မွေးနေ့ကို အမြဲသတိရနေမှာပါ ။ သူတစ်ပါးကို လိုအပ်နေအောင် ကူညီခြင်းဟာ ဘဝရဲ့ တာဝန်တစ်ခုတည်း မဟုတ်ပါဘူး ။ ဘဝရဲ့ အဓိပ္ပာယ်ကို ပေးတာပါ" လို့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Ye Htoo Win

ဥက္ကာမင်းမောင်ကို Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲ့ဒီနောက် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က