၁ လခွဲ လောက် ကြာမယ်လို့ ဆိုပါတယ်။

ပိုင်ဖြိုးသုက အခုဆိုရင် New York Film Academy မှာ ကျောင်းသွားတက်ပြီလို့ ဆိုပါတယ်။ ပရိသတ်တွေနဲ့ တစ်လခွဲလောက် ခွဲနေရဦးမယ်လို့လည်း သူကပြောပါတယ်။


Photo: RBV



ပိုင်ဖြိုးသုဟာ New York Film Academy မှာ ကျောင်းတက်ဖို့အတွက် အမေရိကန်နိုင်ငံကို ရောက်နေပြီလို့ဆိုပါတယ်။ သူမဟာ ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက မြန်မာနိုင်ငံကနေ ထွက်ခွာသွားတာဖြစ်ပါတယ်။

‘’သုသု New Yorkရောက်နေပါပြီ။ ရောက်ရောက်ချင်း jet lag တွေရနေလို့ ဘာပုံမှမတင်ဖြစ်တာပါ။ (သုသုရဲ့ Vitamin Tလေးတွေစိတ်ပူနေမှာစိုးလို့)။ ကျောင်းက August (5)ရက်မှ စတက်ရမှာမို့ ခုလောလောဆယ်‌တော့‌ မေမေ့သူငယ်ချင်း အန်တီတွေရဲ့ အိမ်တွေလှည့်လည် မုန့်တွေစားနေပါတယ်လို့။ ဒီပုံလေးက မေမေ့သူငယ်ချင်း အန်တီမေသီခအိမ်ရှေ့မှာ အန်တီမေသီကိုယ်တိုင်ရိုက်ပေးထားတာ’’ ဆိုပြီးတော့ ဇူလိုင်လ ၂၆ ရက်နေ့ မနက် ၃ နာရီခွဲကျော်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: Aunty May Thi

အဲဒီနောက် ကျောင်းသွားတက်မယ့် ကာလကလည်း သိပ်မကြာဘူးလို့ ပိုင်ဖြိုးသုက သူ့ရဲ့ We Love လေးတွေ မစိုးရိမ်ရအောင် ပြောခဲ့ပါတယ်။

‘’အဓိကကတော့ New York Film Academy မှာ NYFA မှာ Action for Form ဆိုတဲ့ Class လေး သွားတက်မယ်ပေါ့နော်။ အကြာကြီးတော့ မဟုတ်ဘူး၊ ၁ လ ကျော်ကျော်လောက်ပဲ ကြာမယ်ပေါ့နော်။ ကျောင်းသွားတက်ပြီဆိုတော့ သုသု ပွဲတွေလည်း တက်ဖြစ်မှာ မဟုတ်ဘူး၊ ကြော်ငြာတွေလည်း မရိုက်ဖြစ်ဘူးဆိုတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်သွားမှာစိုးလို့ အသိပေးတာပါ’’ ဆိုပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့ည က လွှင့်ခဲ့တဲ့ သူ့ရဲ့ ဖေ့စ်ဘွတ် Live မှာ ပြောခဲ့တာဖြစ်ပါတယ်။

Photo: RBV

ပိုင်ဖြိုးသုဟာ ရုပ်ရှင်ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ ဆက်တိုက် ရိုက်ကူးနေရတာဖြစ်တဲ့အတွက် ၂၀၁၈ ခုနှစ်တုန်းက မတက်ခဲ့ရဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ကျောင်းတက်ဖိို့ကတော့ မနှစ်ကတည်းက စီစဉ်ထားပြီးသား ဖြစ်တယ်လို့ ပြောပါတယ်။

‘’မနှစ်ကတည်းက ကျောင်းသွားတက်ချင်ခဲ့တာပါ။ ဒါပေမယ့် ညှိလို့မရဘူး ဖြစ်နေခဲ့တယ်။ အခုက ကျတော့ သုသု ရိုက်မယ့် ဇာတ်ကားက ပျက်သွားတာဖြစ်တယ်။ ကျောင်းတက်ခွင့်ကလည်း မနှစ်ကတည်းက ရထားတာပါ။ ဒါပေမယ့် အခုကျတော့ ဒီလတွေထဲမှာ တက်လို့ရမလားဆိုပြီးတော့ လှမ်းမေးလိုက်တော့ တက်လို့ရတယ် ဆိုတာနဲ့ သွားတက်ဖြစ်တာပါ’’ ဆိုပြီးတော့လည်း ဆက်လက်ပြောပြလာပါသေးတယ်။

Photo: RBV

ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။ အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူမဟာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Awards က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က