ဦးနှောက်ခွဲစိတ်မှု လုပ်ရမယ်လို့ သိရပါတယ်။

ဟာသသရုပ်ဆောင် မန်းဝင်းက ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်မှုပြုလုပ်ရမယ်လို့ သိရပါတယ်။ 

Photo: Kyi Phyu Man Win



လူရွှင်တော် ဟာသသရုပ်ဆောင် မန်းဝင်းကို ဇွန်လ(၁) ရက်နေ့ ညနေပိုင်းက ပင်လုံဆေးရုံကြီးမှာ ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။ သူဟာ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်ကုသရမယ်လို့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက ပြောပါတယ်။ 

" ဖေဖေ ဦးမန်းဝင်း ဦးနှောက် သွေးယိုစိမ့်မှုကြောင့် ပင်လုံဆေးရုံမှာ ဒီည ဦးနှောက်ခွဲစိတ်မှု ပြုလုပ်ရပါမယ်။ ဆေးရုံသို့ လိုက်ပါ ပို့ဆောင်ပေးပါသော ရှင်သန်ခွင့် လူမှုကူညီရေးအသင်းအား အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်" ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ(၁) ရက်နေ့ ညနေ ၆ နာရီခွဲကျော်က ရေးသားထားတာ တွေ့ရပါတယ်။ မန်းဝင်းရဲ့ ကျန်းမာရေးကို စိတ်ပူနေကြတဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် အမြန်နေကောင်းဖို့ ဆုတောင်းပေးနေတာ တွေ့ရပါတယ်။ 

Photo: Kyi Phyu Man Win

ဦးမန်းဝင်းဟာ ဖေဖော်ဝါရီလအတွင်းက နှလုံးရောဂါကြောင့် ရုတ်တရက် ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေဟာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်လို့လည်း ဇနီးဖြစ်သူက Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ လူရွှင်တော်ကြီး မန်းဝင်းကတော့ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ ကျောက်ကပ် တစ်ခါဆေးရင် ၁ သိန်းကုန်ကျ စားရိတ်ရှိတယ်လို့ သိရပါတယ်။ 

Photo: Kyi Phyu Man Win

မန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က