သီချင်းထဲက အကြောင်းအရာကို ပြောပြထားပါတယ်။

မိစန္ဒီကတော့ အသည်းကွဲနေတဲ့ကောင်မလေးတစ်ယောက်ကို အသည်းပြန်ဆက်ပေးနိုင်တဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပုံတွေကို သီချင်းတစ်ပုဒ်အဖြစ် ဖန်တီးထားတယ်လို့ဆိုပါတယ်။ 

Photo: Mi Sandi



အဆိုတော် မိစန္ဒီကတော့ အချစ်ရေးနဲ့ပတ်သက်တဲ့ သီချင်းလေးတွေ အမြဲဆိုလေ့ရှိသူပါ။ အခုလည်း “နှလုံးအထူးကု” ဆိုတဲ့ သူမရဲ့ သီချင်းအသစ်လေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ သီချင်းထဲမှာပါတဲ့ အကြောင်းအရာလေးတွေကို မိစန္ဒီက အခုလို ပြောပြထားပါတယ်။ 

“ အချစ်ရေးမှာ ကံမကောင်းခဲ့တဲ့ ကောင်မလေးတစ်ယောက်။ အသဲနှလုံးတစ်ခုလုံး စုတ်ပြတ်သတ်အောင် ကွဲကြေဖူးတဲ့ ကောင်မလေး တစ်ယောက်ဟာ တစ်နေ့မှာတော့ သူမရဲ့ အစိတ်စိတ်အမွှာမွှာ ကွဲနေတဲ့ နှလုံးသားကို ပြန်ဆက်ပေးတဲ့ “နှလုံးအထူးကု”လေး ကို ရှာဖွေတွေ့ရှိသွားသတဲ့ကွယ်။ အဲဒီ့ အကြောင်းကို သီချင်းလေးတစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်..မကြာခင်... Stay Tuned။ နှလုံးအထူးကု #MiSandi #HeartSpecialist" ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့ မနက် ၉ နာရီက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Mi Sandi

" နှလုံးအထူးကု" ဆိုတဲ့ သီချင်းလေးကို ဘယ်နေ့မှာ မိတ်ဆက်ပေးသွားမယ်ဆိုတာကိုတော့ မိစန္ဒီက ကြိုတင်ပြောပြထားတာမရှိပါဘူး။ ပရိသတ်တွေကလည်း အရမ်းနားထောင်ချင်နေကြပြီဆိုတာကို Comment မှာ ရေးသားထားတာ တွေ့ရပါတယ်။ မိစန္ဒီရဲ့ သီချင်းတွေတိုင်းက လူငယ်ပရိသတ်တွေရဲ့ ခံစားချက်နဲ့ အမြဲ ထပ်တူကျလေ့ရှိတာကြောင့် အောင်မြင်မှုတွေလည်း ရရှိခဲ့သူ တစ်ယောက်ပါ။ COVID-19 ကာလမှာ သူမ နဲ့ အဆိုတော် ဖြိုးပြည့်စုံတို့ သီဆိုထားတဲ့ " Go Away Corona" ဆိုတဲ့ သီချင်းကလည်း Joox app ရဲ့ နံပါတ်(၁) နေရာကို ရောက်ရှိခဲ့ပါသေးတယ်။ ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သီချင်းလေး ဖြစ်တာကြောင့်လည်း နံပါတ်(၁) နေရာ ရခဲ့တာ ဝမ်းသာမဆုံးဖြစ်ရတယ်လို့ မိစန္ဒီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ 

Photo: Mi Sandi

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး၊ သတ္တိခဲ စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က