အသက်(၂)နှစ် ပြည့်သွားပါပြီ။
Ei Ei Myat

ချစ်စရာကောင်းလွန်းတဲ့ မက်မွန်သီးလေးကတော့ အသက်(၂)နှစ်ပြည့်သွားပါပြီ။

Photo : သဥ္ဇာနွယ်ဝင်း

သဉ္ဇာနွယ်ဝင်းရဲ့ သားလေး ကျော်မျိုးမြင့်(ခ)မက်မွန်သီးလေးကတော့ နိုဝင်ဘာ(၇) ရက်နေ့က အသက်(၂)နှစ်ပြည့်သွားခဲ့တာပါ။ သားလေးရဲ့ မွေးနေ့ပွဲကို နေအိမ်မှာဘဲ မိသားစုနဲ့အတူ ဆင်နွဲခဲ့တယ်လို့ သဉ္ဇာနွယ်ဝင်းက ဆိုပါတယ်။

“သားသား(၂)နှစ်ပြည့်မွေးနေ့ ကို မိသားစုသုံးယောက်ထဲ ပဲလုပ်ဖြစ်တယ် မေမေကမွေးတော့မှာဆိုတော့ နောက်နှစ်မှမွေးနေ့လုပ်ပေးတော့မယ်နော်” လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၇) ရက်နေ့ညပိုင်းက ရေးသားထားတာတွေ့ရပါတယ်။

Photo : သဥ္ဇာနွယ်ဝင်း

သားလေးရဲ့ မွေးနေ့မှာ သဉ္ဇာနွယ်ဝင်းတို့က အလှူအတန်းတွေလည်း ပြုလုပ်ပေးခဲ့တာ တွေ့ရပါတယ်။ သဉ္ဇာနွယ်ဝင်းရဲ့ သားလေး မက်မွန်သီးလေးကတော့ အခုဆိုရင် စကားတွေ တတ်နေပြီဖြစ်သလို တော်တော်လေးလည်း နားလည်နေပြီလို့ သဉ္ဇာနွယ်ဝင်းက ပြောပြဖူးပါတယ်။

“‘’သားလေးက တော်တော်တတ်နေပြီ။ သူ့ကိုလည်း ၆ လအရွယ်ကတည်းက ကျောင်းစထားတာဆိုတော့ တော်တော်လေး နားလည်တယ်။ လည်လည်း လည်တယ်။ သားလေးက အဖေနဲ့တူတယ် ရုပ်ရော၊ ခန္ဓာကိုယ်ပုံစံတွေရော၊ အကျင့်တွေရော တူတယ်။ သူ့ပစ္စည်းတွေဆို အရမ်း တန်ဖိုးထားတာ။ သူယူထားတဲ့ ပစ္စည်းကို သူ့နေရာသူ ပြန်ထားတတ်တာကတော့ သူ့အဖေနဲ့ တူတယ်’’ လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

Photo : သဥ္ဇာနွယ်ဝင်း

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိမှာ ဒုတိယကိုယ်ဝန်ကိုလွယ်ထားနေတာ ဖြစ်ပြီး နိုဝင်ဘာလကုန်မှာ မွေးဖွားဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒုတိယကိုယ်ဝန်က သမီးလေးပါ။ သမီးလေးအတွက် အဝတ်အစားတွေ နေရာထိုင်ခင်းလေးတွေ ပြင်ဆင်ပေးရင် သဉ္ဇာနွယ်ဝင်းက ပျော်လို့နေတာ တွေ့ရပါတယ်။

သဉ္ဇာနွယ်ဝင်းကိုတော့ ပရိသတ်တွေက ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက်အဖြစ် တီဗီကြော်ငြာတွေကနေတဆင့် စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကိုလည်း ရိုက်ကူးခဲ့ဖူးသူ တစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးခဲ့ရပါသေးတယ်။

Photo : သဥ္ဇာနွယ်ဝင်း

ကိုလှမျိုးမြင့်နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုး ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သားဖြစ်သူ ကျော်မျိုးမြင့်(ခ) မက်မွန်သီးလေးကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ မွေးဖွားခဲ့တာပါ။  


ဆက်စပ်အကြောင်းအရာများ


က္က