loading...

loading...

loading...

သူမရဲ့ ကံကောင်းခြင်း အစပါပဲ။
Sabal Thwin

နဒီဝင့်နိုင်ကတော့ ၂၀၂၀ နှစ်အစမှာ ထီ ၁၀ သိန်းဆု ကို ဆွတ်ခူးသူအဖြစ် စတင်လိုက်ပြီဖြစ်ပါတယ်။ အရင်တုန်းကတော့ ထီ ၅ သောင်းဆုပဲ ပေါက်ဖူးခဲ့တာပါတဲ့။

Photo: Nadi Wint Naing

သရုပ်ဆောင် နဒီဝင့်နိုင်ကတော့ နှစ်သစ်ကို ကံကောင်းခြင်းများစွာနဲ့ ကြိုဆိုလိုက်ပြီဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ၁၀စောင်တွဲ ထီကနေ တစ်သိန်းဆု ၁၀ ဆု ပေါက်တယ်လို့ ဆိုပါတယ်။

"Lucky 2020အရမ်းချစ်တယ်။၂၀၂၀က နဒီ့အတွက် ကံကောင်းသောနှစ်လေးပါရှင့် ၅သောင်းဆုတော့နှစ်ခါပေါက်ဖူးပါတယ်။ ခုတော့၁သိန်းဆုဆယ်‌‌စောင် ၁၀သိန်းဆု ပေါက်ဖူးပြီပျော်လိုက်တာ"ဆိုပြီးတော့ ဇန်နဝါရီလ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: Nadi Wint Naing

သရုပ်ဆောင် နဒီဝင့်နိုင်ကို ဗီဒီယို ဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိ အားပေးလာကြတာဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက် ကတော့ တောက်ပတဲ့ မျက်ဝန်းတစ်စုံရယ် ဆံပင်ရှည်ရှည်လေးနဲ့က ပရိသတ်ကို ပိုဆွဲဆောင်နိုင်တာဖြစ်ပါတယ်။ နဒီဝင့်နိုင်ကတော့ နယ်ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားသူဖြစ်ပါတယ်။

Photo: Nadi Wint Naing

သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နဒီဝင့်နိုင်ကို မဟော်သဓာ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်ပိုသိခဲ့တာပါ။ အခုလက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေ လုပ်ကိုင်နေတုန်းပါပဲ။ သူမကတော့ ဇာတ်ကားရိုက်တာတွေထက် နယ်ရှိုးပွဲတွေ သီဆိုနေရတဲ့ သူတစ်ယောက်ပါ။ အချစ်ရေးကတော့ သတင်းတွေ တည်ငြိမ်လွန်းသူဖြစ်ပြီး ဘဝကို တစ်ယောက်တည်းပဲ ဖြတ်သန်းနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က