loading...

loading...

loading...

ဒါကတော့ သူတို့အတွက် ဒုတိယမြောက် ရုပ်ရှင်ကားကြီးပါ။
Sabal Thwin

"ကမ်း" ရုပ်ရှင်ဇာတ်ကားမှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အတူတွဲသရုပ်ဆောင်မှုတွေကို မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

Photo: Shwe Htoo

ရွှေထူးကတော့ ချစ်ဇနီးချောလေး ရွှေမှုံရတီနဲ့အတူ "ကမ်း" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံတို့ရဲ့ အတူတွဲ သရုပ်ဆောင်မှုတွေကို ၂၀၂၀ ခုနှစ်အတွင်းမှာ မြင်တွေ့ရတော့မှာပါ။

"ကဲ... ဒါကတော့ ဧည့်သည် မဟုတ်တဲ့ အိမ်ရှင်နဲ့ ရိုက်မယ့် နောက် တစ်ကား..." ဆိုပြီးတော့ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ "ဧည့်သည်"ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပထမဆုံး အတူတွဲသရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အခုရိုက်ကူးတော့မယ့် "ကမ်း" ရုပ်ရှင်ဇာတ်ကားကတော့ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ကို အတူတွဲ တွေ့ရမယ့် ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကား ဆိုလည်း မမှားပါဘူး။

Photo: Shwe Htoo

"ကမ်း" ရုပ်ရှင်ဇာတ်ကားကိုတော့ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး မိုးစက်ဝိုင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ သားညီက ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်ရိုက်ကူးသွားမှာပါ။ "ကမ်း"ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့က အဓိက သရုပ်ဆောင်တွေအဖြစ်ပါဝင်သွားမှာဖြစ်ပါတယ်။ နောက်ထပ် ဇာတ်ပို့ဇာတ်ရံ အနုပညာရှင်တွေလည်း ပါဝင်ပါသေးတယ်။ ရွှေ နှစ်ရွှေ ကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ "ကမ်း"ရုပ်ရှင်ကားကို အမြန်ဆုံး ကြည့်ချင်နေပြီလို့တောင် Comment တွေမှာ ရေးထားတာ တွေ့ရပါတယ်။ 

Photo: Shwe Htoo

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ရွှေထူးကလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်သလို ရွှေမှုံရတီကလည်း တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က