''အဆင်ပြေပါတယ်'' ဆိုတဲ့ သီချင်းလေးပါ။

အေသင်ချိုဆွေက နီနီခင်ဇော်ရဲ့ ‘’ အဆင်ပြေပါတယ်’’ သီချင်းလေးကြောင့် မျက်ရည်ကျမိတယ်လို့ ဆိုပါတယ်။ ဒီသီချင်းလေးကိုတော့ ဇွန်လ ၁၉ ရက်နေ့က စတင် မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

Photo: အေသင်ချိုဆွေ

အေသင်ချိုဆွေ တစ်ယောက် နီနီခင်ဇော်ရဲ့ သီချင်းအသစ်လေးက သူမရဲ့ ရင်ထဲကို ထိမိသွားတယ်လို့ ဆိုပါတယ်။ ဒီသီချင်းလေးကတော့ ‘’အဆင်ပြေပါတယ်’’ဆိုတဲ့ သီချင်းလေးပါ။

‘’ချစ်မနော် သူများက ဘယ်တော့မှ မငိုတော့ဘူးလို့ စိတ်တင်းပြီးဆုံးဖြတ်ထားတာ။ အခုတော့ အနည်းငယ်ငိုမိသွားတယ် တာဝန်ယူပေးပါ နီနီခင်ဇော်။ အရမ်း အရမ်းကို ထိမိကောင်းမွန်သောပါ အကိုရေ’’ ဆိုပြီးတော့လည်း နီနီခင်ဇော် နဲ့ တေးထုတ်လုပ်သူ တို့ကို ဇွန်လ ၂၁ ရက်နေ့ မနက် ၉ နာရီက သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောခဲ့တာဖြစ်ပါတယ်။

Photo: အေသင်ချိုဆွေ

နီနီခင်ဇော်ရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ ‘’အဆင်ပြေပါတယ်’’ Single Song လေးကိုတော့ ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ညက သူမရဲ့ Facebook Page မှာ MTV လေး တင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အားပေးကြည့်ရှုသူ ပရိသတ်ပေါင်း ၄ သိန်း ၄ သောင်း ၅ထောင် ကျော်ရှိပြီ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ Fg Entertainment က ထုတ်လုပ်တာဖြစ်ပါတယ်။

Photo:နီနီခင်ဇော်

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။

Photo: အေသင်ချိုဆွေ

အနုပညာလောကထဲကို ၂၀၁၈ ခုနှစ်မှစပြီး ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သူမရဲ့ သီချင်းအသစ်တွေကိုလည်း မကြာခဏဆိုသလို အွန်လိုင်းပေါ်ကနေ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က