loading...

loading...

loading...

ယောဂီရောင်မြန်မာဝတ်စုံလေးနဲ့ ပွဲသို့ တက်‌ရောက်ခဲ့ပါတယ်။
Ei Ei Myat

 

အလှူအတန်းဆို လက်မနှေးတတ်တဲ့ သရုပ်ဆောင် နန္ဒာလှိုင်က ဒီနေ့မှာ နိုင်ငံတော်က ချီးမြှင့်တဲ့ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ကို ရရှိခဲ့ပါတယ်။

 

Photo : Dior by Heart

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ ဒီနေ့(မတ်လ၈ရက်)မှာ နိုင်ငံတော် အစိုးရက ချီးမြှင့်တဲ့ သီရိသုဓမ္မသိင်္ဂီ  ဘွဲ့တံဆိပ်ကို ရရှိခဲ့ပါတယ်။ အလှူအတန်းတွေမှာ လက်မနှေးတတ်တဲ့ သူမအတွက် ဒီလိုဘွဲ့တံဆိပ်မျိုး ချီးမြှင့်ခံရတာကြောင့် သူမရဲ့ ပရိသတ်တွေကလည်း ဝမ်းသာလို့နေကြပါတယ်။  

Photo : Dior by Heart

ဒီနေ့မှာ ပြုလုပ်တဲ့ ဆုချီးမြှင့်တဲ့ အခမ်းအနားကိုလည်း သူမကတက်ရောက်ခဲ့ပြီး  ပွဲတက်ဝတ်စုံလေးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ တင်ခဲ့ပါသေးတယ်။ ယောဂီရောင်မြန်မာ ဝတ်စုံ လေးနဲ့ လှရက်နိုင်လွန်းတဲ့ သူမရဲ့ ပုံရိပ်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်က နန္ဒာလှိုင်ကို ပြန်မြင်ရသလို ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

 

Photo : Dior by Heart

နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီးတဲ့နောက်မှာတော့ အနုပညာအလုပ်တွေ နားလိုက်ပါတယ်။ သူမက ခင်ပွန်းဖြစ်သူ ဇေသီဟနဲ့ ၂၀၀၈ ခုနှစ် မေလ(၆) ရက်နေ့က လက်ထပ်ခဲ့တာ ဖြစ်ပြီး သမီးလေး သုံးယောက် နဲ့ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သမီးလေးတွေမှာ ဇေဝတီလှိုင်၊ ဇေရတီလှိုင်နဲ့ ဇေမဒီလှိုင်တို့ ဖြစ်ပါတယ်။

နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။ မိသားစုကို အချိန်ပေးရင်းနဲ့ သူမရဲ့ ကုမ္ပဏီဖြစ်တဲ့ မဟာနန္ဒာထရိတ်ဒင်းကုမ္ပဏီကနေ Missha အလှကုန်ပစ္စည်းများကိုလည်း မြန်မာနိုင်ငံမှာ တင်သွင်းဖြန့်ဖြူးလျက်ရှိပါတယ်။

Photo : Dior by Heart

သူမဟာ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ်နဲ့အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆု၊ ၂၀၀၆ ခုနှစ်က တောင်တမန်သစ္စာဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့ဖြင့် အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ ပရိသတ်တွေက အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်စေချင်နေကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် နန္ဒာလှိုင်ကတော့ ခင်ပွန်းဖြစ်သူနဲ့ အတူ အလှူအတန်းတွေ၊ ပရဟိတအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။


loading...

က္က