နှစ်စဉ်နှစ်တိုင်း လှူဒါန်းနေကြတဲ့။
 ချောရတနာတို့ မိသားစုက နှစ်စဉ်လှူနေကျ ရန်ကင်းကလေးဆေးရုံမှာ ဒီနှစ်လည်း အလှူတွေ သွားလုပ်နေတာ တွေ့ရပါတယ်။ 

သရုပ်ဆောင် ချောရတနာက သားသားလေး မွေးနေ့အလှူအတွက် ရန်ကင်းကလေးဆေးရုံမှာ အလှူသွားလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်စဉ်နှစ်တိုင်း မိသားစု မွေးနေ့ရက်ရောက်တိုင်း ရန်ကင်းကလေးဆေးရုံမှာ အလှူသွားလုပ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း ယခုလို ပြောထားပါသေးတယ်။



“နှစ်စဉ် ရန်ကင်းကလေးဆေးရုံမှ ာမိသားစု မွေးနေ့ရက်တိုင်း ရက်ရသလိုလှူဖြစ်သော အလှူလေး သားသားမွေးနေ့ အတွက် အလှူပါ” ဆိုပြီး ချောရတနာရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၁၂ ) ရက်နေ့က ရေးသားထားပါတယ်။

ချောရတနာသားလေးရဲ့ မွေးနေ့က ဧပြီ(၇)ရက်နေ့က ဖြစ်ပါတယ်။ သားလေးမွေးနေ့မှာ သမီးလေး နေမကောင်းတာကြောင့် မွေးနေ့အလှူ သိပ်မလုပ်ရဘူးလို့ ဆိုပါတယ်။

“ဒီနှစ် သားသားမွေးနေ့ ၅ နှစ်ပြည့်က ၇ ရက်နေ့ ဘာမှ မလုပ်ပေးလိုက်ရဘူး ၆ရက်နေ့ အကြို နေ့ဆွမ်းကပ် အလှူလေးနဲ့ ဒီနေ့ သူ့ ဘဘနဲ့ ကြီးကြီး ဝယ်လာတဲ့ Birthday ကိတ်လေးပဲ ခွဲလိုက်ရတယ်” ဆိုပြီး ဧပြီ(၈) ရက်နေ့က ပြောထားတာပါ။

ချောရတနာဟာ လက်ရှိမှာ သားနဲ့သမီးလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ ဒုတိယသမီးလေးကို ၂၀၁၈ ခုနှစ် မေလ(၁၂) ရက်နေ့က ဝိတိုရီယဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။ သမီးလေးကိုယ်ဝန်စရှိကတည်းက အကျႌကြော်ငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးတဲ့ အခါမှာလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ ချောရတနာမှာ အကြီးဆုံးသားလေးတစ်ယောက်ရှိပါတယ်။သားလေးကတော့ လက်ရှိမှာ (၅)နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။


ဆက်စပ်အကြောင်းအရာများ



က္က