သြဂုတ်လ ၁၃ ရက်နေ့က ဖြစ်ခဲ့တာပါ။

သရုပ်ဆောင်မိုးပြည့်ပြည့်မောင် မောင်းနှင်းလာတဲ့ ကားဟာ ရန်ကုန်-ပြည် အမြန်လမ်းပေါ်မှာ ကားအက်ဆီးဒင့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Photo: Lwin Oo



မိုးပြည့်ပြည့်မောင် နဲ့ သူမရဲ့ မိခင်တို့ဟာ အမြန်လမ်းတစ်နေရာမှာ ကားအက်ဆီးဒင့်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ကားကတော့ အရှေ့ပိုင်း တော်တော်လေးကို ထိခိုက်သွားခဲ့တာပါ။

‘’သရုပ်ဆောင် မိုးပြည့်ပြည့်မောင် စီးလာသော ကားသည် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် ၁၁၄ အရောက်

တွက် ရှေ့ဘီးပေါက်ကာ လမ်းဘေးသစ်ပင်အား ဝင်တိုက်မိ။ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် သားအမိနှစ်ယောက်လုံး ထိခိုက်မှု မရှိကြောင်း သိရပါသည်။Photo- လင်းသစ်မာန်//Co@sanmin’’ဆိုပြီးတော့ Lwin Oo ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ ၁၃ ရက်နေ့ည ၇ နာရီက ပုံနဲ့တကွ စာရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Lwin Oo

ဒါပေမယ့် သရုပ်ဆောင် မိုးပြည့်ပြည့်ပြည့်မောင် ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာတော့ ဘာအကြောင်းတစ်စုံတရာမှ ရေးသားထားတာ မတွေ့ရပါဘူး။ မိုးပြည့် ကို ချစ်တဲ့ ပရိသတ်တွေကတော့ အရမ်းကို စိုးရိမ်နေခဲ့ကြတာကို Comment ကနေတဆင့် တွေ့ရပါတယ်။ တကယ်ဟုတ် မဟုတ်ဆိုတာကိုလည်း မယုံနိုင်သေးတဲ့ လူတွေအများကြီးပါပဲ။

Photo: Ei mon Moe Pyae

မိုးပြည့်ပြည့်မောင်ဟာ အခုနောက်ပိုင်းမှာ ဘာသာရေးကို ပိုပြီး လေးလေးနက်နက် ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ကုသိုလ်ရေးနဲ့ ပတ်သက်လာရင်လည်း လက်မနှေးတတ်သူလေးပါ။  သူဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ မကြာခဏ ရိုက်ကူးရေးတွေ လုပ်ဖြစ်နေသူပါ။ အဲဒီနောက် ‘’မိုးပြည့်’’ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဦးစီးလုပ်ကိုင်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။

Photo: Ei Mon Moe Pyae

အခုဆိုရင်တော့ သူမဟာ ချစ်ရတဲ့ခင်ပွန်းနဲ့ အတူ သမီးလေး တစ်ယောက်ပိုင်ဆိုင်ထားတဲ့ မေမေဖြစ်လို့နေပါပြီ။ မိုးပြည့်(moe Pyae Pyae Maung)ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ သူမကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့်ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ ဒရာမာ ဇာတ်ကားလေးတွေကို အများဆုံးရိုက်ကူးရတာကြောင့် အငိုမင်းသမီးလေးလို့တောင် ပရိသတ်တွေက ချစ်စနိုးနဲ့ နာမည်ပေးထားကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က