Ei Ei Myat

ဆွန်ဆွန်နဲ့ ရွှေအိမ်စည်တို့က အင်းလေးမှာ ရုပ်ရှင်ဇာတ်ကားကြီး အတူတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ရွှေအိမ်စည်ကတော့ သူမထက် ပိုသွက်တဲ့ ဆွန်ဆွန်ကို အရမ်းချစ်သွားမိပြီဆိုပြီး ပြောထားတာ ေ တွ့ရပါတယ်။

Photo : ရွှေအိမ်စည်

ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “သရွီး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဆွန်ဆွန်နဲ့ ရွှေအိမ်စည်တို့ အတူပါဝင် သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဇာတ်ကားအတူတူ ရိုက်ကူးရင်းနဲ့ ဆွန်ဆွန်ရဲ့ သဘောထားလေးတွေကို သိသွားတဲ့ ရွှေအိမ်စည်ကတော့ ဆွန်ဆွန်ကို အရမ်းချစ်သွားပြီလို့ ဆိုပါတယ်။

“သူရဲ့ personality နဲ့ confidence level ကို အရမ်းချစ်သွားပြီ။ ကျွန်မထက် ပိုသွက်တဲ့သူနဲ့တွေ့ေ သာအခါဝယ် pose တွေကသေနိုင်တယ်။Glad to have met a happy mind like this maeyasunsun” ဆိုပြီး သြဂုတ်လ(၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားခဲ့ပါတယ်။

Photo : ရွှေအိမ်စည်

ထို့အပြင် ဆွန်ဆွန်နဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုလည်း တင်ထားခဲ့ပါသေးတယ်။ “သရွီး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ထက်ထက်ထွန်း၊ ရွှေအိမ်စည်၊ နန်းခင်ဇေယျာ၊ ဆွန်ဆွန်တို့အပြင်အခြားသော သရုပ်ဆောင်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အဲဒီ ဇာတ်ကားကို မြန်မာနိုင်ငံရဲ့ အလှအပတွေ ရှိရာ ကလော၊ အောင်ပန်း၊ အင်းလေးနဲ့ ညောင်ရွှေတို့မှာ ရိုက်ကူးသွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ အင်းလေး မှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ရိုက်ကူးတာ ဖြစ်ပါတယ်။

Photo : ရွှေအိမ်စည်

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးမှာလည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလ ၂ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Preliminary Evening Gown ရဲ့ Winner ဆုကိုလည်းရရှိပိုင်ဆိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို မသိတဲ့ နိုင်ငံတကာ အလှမယ်တွေ ကြားထဲမှာ မြန်မာနိုင်ငံကိုကောင်းကောင်းကြီး Promote လုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

Photo : ရွှေအိမ်စည်

ရွှေအိမ်စည်(Shwe Eain Si)ဟာ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာ ပါဝင်ရိုက်ကူးနေရပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ The Naked Ghost ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် ထွန်းထွန်း၊ ချမ်းငြိမ်းကျော်တို့နဲ့အတူ ပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က