နှစ်ယောက်သား စိတ်ကောက်နေကြပြန်ပြီတူတယ်။

G Fatt ရဲ့ တောင်းပန်စာကို ဖတ်ပြီး နန်းဆုတစ်ယောက် စိတ်ဆိုးပြေသွားလိမ့်မယ်လို့ ထင်ပါတယ်။ တောင်းပန်စာကို ဖတ်ရတာလည်း အရမ်းကို ရိုမန့်တစ်ဆန်လွန်းလှပါတယ်။

Photo : နန်းဆုရတီစိုး

အဆိုတော် G Fatt က စိတ်ကောက်နေတဲ့ ချစ်သူလေး နန်းဆုရတီစိုးက ရိုမန့်တစ်ဆန်ဆန် တောင်းပန်စာလေးနဲ့ တောင်းပန်ခဲ့တာ တွေ့ရပါတယ်။ G Fatt က ချစ်သူနှစ်ဦးမှာ သူက ပိုချစ်ခဲ့တဲ့သူဆိုပြီး ပြောထားပါသေးတယ်။

သူ့ရဲ့ တောင်းပန်စာလေးမှာ "ဒီတစ်ခါ တကယ်လမ်းခွဲပြီ"လို့အော်ဟစ်ဖုန်းချပြီးမှ သူပြန်ခေါ်မယ့် ဖုန်းလေးမျှော်နေတက်တဲ့ ပြတ်သားလွန်းသူကြီးဟာ ကျွန်တော်ပေါ့ ..စိတ်တွေကုန်နေပြီလို့ သူငယ်ချင်းတွေကို ပြောပြမိတော့ အချစ်တွေ မကုန်သေးဘူးမလား လို့ ပြုံးပြီးပြန်မေးကြတဲ့ မေးခွန်းအတွက် ကိုယ့်မှာ အထိတ်တလန့်ပါပဲ ။မင်းနဲ့ပတ်သတ်ရင် ငါဟာအမြဲမေးခွန်းအသတ်ခံရတယ် အေးပေါ့... ပိုချစ်တဲ့ကောင်ကိုး “ ဆိုပြီး G Fatt က ပြောထားတာပါ။

Photo : နန်းဆုရတီစိုး

တောင်းပန်စာလေးက အဲ့ဒါနဲ့တင် မပြီးသေးပါဘူး။ စာအရှည်ကြီးရေးပြီး သူခံစားနေရတာတွေကို ပြောပြထားတာလည်း ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ “ဘယ်သူမှားမှားမှန်မှန် နင်ကင့ါရဲ့ထာဝရအစိုးရပဲ ဒါကြောင့် တောင်းပန်ပါတယ် ဘာလို့ဆို ပိုချစ်တဲ့ကောင်ကိုး ” ဆိုပြီး G Fatt က နန်းဆုဆီ တောင်းပန်စာလေးပို့ထားတာပါ။ နန်းဆုကလည်း G Fatt ပေးထားတဲ့ တောင်းပန်စာလေးကို သူမရဲ့ ဖေ့စ်ဘွတ် Stories မှာ ပြန်တင်ထားတာတွေ့ရပါတယ်။

Photo : နန်းဆုရတီစိုး

ပရိသတ်တွေကလည်း G Fatt ရဲ့ တောင်းပန်စာလေးကို ဖတ်ပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။ သူတို့နှစ်ဦးကို အမြန်ဆုံး ပြန်အဆင်ပြေစေဖို့အတွက်လည်း ဆုတောင်းထားကြပါသေးတယ်။ ပရိသတ်တွေကလည်း သူတို့နှစ်ဦး ပြန်အဆင်ပြေစေချင်နေကြပါပြီ။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို ပရိသတ်တွေက စိတ်ဝင်စားကြပါတယ်။ အရမ်းကို လိုက်ဖက်လွန်းလှတဲ့ သူတို့ စုံတွဲလေးကိုလည်း အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။သူတို့နှစ်ယောက်ဟာ ရှိုးပွဲတွေ တော်တော်များများမှာလည်း နှစ်ယောက်တွဲ ဖျော်ဖြေခဲ့ကြဖူးသလို သူတို့နှစ်ယောက်တွဲပြီး သီချင်းသစ်တွေလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။

Photo : နန်းဆုရတီစိုး

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး ဖြစ်ပါတယ်။



က္က