ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ ရွှေသမီး တို့လည်းပါဝင်ပါတယ်။

ခန့်စည်သူက ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် အတွက်အလှူအတန်းတွေလုပ်ခဲ့သလို၊ ရုပ်ရှင်လောကသားတွေအတွက် လိုအပ်တဲ့ ဆန်အိတ်တွေ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။


Photo: Kyaw Soe Win

ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသင်္ဂဟ အဖွဲ့ဟာ ဧပြီလ ၈ ရက်နေ့က ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ပြုပြင်ဖို့အတွက် အလှူငွေ သိန်း၁၀၀ လှူဒါန်းခဲ့ပါတယ်တဲ့။ အဲဒီနောက် ရုပ်ရှင်အစည်းအရုံးဝင် လောကသားတေါအတွက် ဆန်အိတ် ၁၀၀ တို့ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။


’ယနေ့ (၈-၄-၂၀၁၉)မှာ ကျွန်တော်တို့ မေတ္တာသင်္ဂဟအဖွဲ့ဝင်များ စုပေါင်း၍ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်အတွင်းရှိ မဂ္ဂင်ဓါတုစေတီတော်နှင့် သြဝါဒပါတိမောက် ရှေးဟောင်းသမိုင်း ဝင်သိမ်တော်ပြုပြင်ခြင်းများအတွက် အလှူငွေ ကျပ်သိန်း(၁၀၀) နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် လောကသားများအတွက် ဆန်အိတ် (၁၀၀) ကိုလှူဒါန်းခဲ့ကြပါတယ်။လှူဒါန်းမှု အစုစုတို့အတွက် နတ်လူသာဓုခေါ်စေသော်။


(ရုပ်ရှင်အစည်းအရုံးမှဝန်ထမ်းများအတွက်လည်း A.1ရွှေဆိုင်မှ လှူဒါန်းသော ရတနာပစ္စည်းများ ကံစမ်းမဲဖောက်ပေးခဲ့ပါသေးတယ်။)’’ ဆိုပြီးတော့ ဧပြီလ ၈ ရက်နေ့ ည ၈ နာရီခွဲက သူ့ရဲ့ ဖ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Kyaw Soe Win

ဒီအလှူမှာတော့ ခန့်စည်သူနဲ့အတူ သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ ခင်လေးနွယ်၊ ရွှေသမီး၊ ရတနာဗို အပြင် နောက်ထပ် အနုပညာအသိုင်းအဝိုင်းက အလှူရှင်များလည်း တက်ရောက်လာခဲ့ကြပါတယ်။ ခန့်စည်သူဦးဆောင်တဲ့ မေတ္တာသင်္ဂဟပရဟိတအဖွဲ့ဟာဆိုရင် ၂၀၁၉ခုနှစ် မေလအတွင်းမှာ ၈ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ၇ နှစ်ပြည့်အတွင်းမှာတော့ အလှူပေါင်း ၆၄ ကြိမ်ရှိပြီး လှူဒါန်းခဲ့တဲ့ အလှူငွေပေါင်း ၂၇၃၇ သိန်းနဲ့ ၅ သောင်းရှိပြီလို့ မီဒီယာအင်တာဗျူးတွေမှာ ခန့်စည်သူက ဖြေဆိုခဲ့ဖူးပါတယ်။


Photo: Kyaw Soe Win

သရုပ်ဆောင်ခန့်စည်သူ ဟာ အလှူအတန်းတွေနဲ့ ပတ်သက်ပြီး ခဏခဏဆောင်ရွက်လျှက်ရှိပါတယ်။ မေတ္တာသိင်္ဂဟ ပရဟိတ အဖွဲ့ အနေနဲ့ ပရဟိတအကျိုးတွေဆောင်ရွက်လျှက်ရှိပြီး သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။

Photo: Kyaw Soe Win

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင် နိုင်တဲ့ ခန့်စည်သူကိုတော့ ပရိသတ်တွေက အမြဲတမ်း ချစ်ခင်လေးစားလျှက်ရှိကြပါတယ်။ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ အလုပ်တွေများနေတဲ့ သူ့အနေနဲ့ အလှူအတန်းလုပ်တာနဲ့တင်ပဲ အချိန်ကုန်နေတာကို တွေ့ရပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။ 



က္က