မိဘနှစ်ပါးရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ဖြစ်တယ်။

ဝတ်မှုံရွှေရည်ကတော့ တစ်ပတ် အကြာ ဆေးရုံတက်ခဲ့ရတဲ့ ဖခင်ကို ကိုယ်တိုင်ကိုယ်ကျ ပြုစု စောင့်ရှောက်ပေးရင်း စိတ်ပူခဲ့ရတဲ့ အခြေအနေကို အခုလို ပြောပြလာပါတယ်။  

Photo: Wutt Hmone Shwe Yi



သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ ဖခင်ကတော့ ကျန်းမာရေး မကောင်းတဲ့ အတွက် ပါရမီဆေးရုံမှာ တစ်ပတ်အကြာ ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူကို အနီးကပ် စောင့်ရှောက်ပေးရင်း စိတ်ပူခဲ့ရတာတွေကို ဝတ်မှုံရွှေရည်က အခုလို ပြောပြလာပါတယ်။ 

“ ဒီရက်ပိုင်း ကစ် အဖေက ဆေးရုံတင်လိုက်ရတယ်။ တစ်ပတ် (၁၀) ရက်လောက် အလုပ်တွေ ရှုပ်နေကြတာပေါ့နော်။ အိမ်မှာကလည်း မေမေက သွေးတိုးရှိတယ် အဲဒီအတွက်ဆေးရုံကို မခေါ်သွားရဲဘူး။ ကစ် ဆိုရင်လေ Covid ဖြစ်တယ် ထင်တာ။ ဖေဖေ က တကယ်တော့ ဝမ်းလျှောတာပါ။ ဝမ်းလျှောတာ နှစ်ရက်ခွဲလောက်ကျတော့ အဖေလည်း မခံနိုင်တော့ဘူး။ အဲဒီတော့ ကိုယ်ရယ်၊ အဖေရယ်၊ အိမ်အကူ ကောင်မလေးရယ်၊ ကားဒရိုင်ဘာရယ် ဟိုပြေးဒီပြေးပေါ့။ စိတ်တွေလည်း ရှုပ်ပြီး ဆေးရုံမှာ (၅) ရက်လောက် နေလိုက်ရတယ်။ အခုချိန်မှာ ကိုယ်ဖြစ်မှာကို မကြောက်ဘူး၊ ကိုယ့်ရဲ့ မိဘတွေ၊ မိသားစုဝင်တွေ ဖြစ်မှာကို အရမ်းကြောက်တာ" ဆိုပြီးတော့ စက်တင်ဘာလ ၂၅ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Live လွှင့်ရင်း ပြောခဲ့တာ ဖြစ်ပါတယ်။ 

Photo: Wutt Hmone Shwe Yi

Covid ကာလဖြစ်တာကြောင့် ဆီးချိုရောဂါ အခံ ရှိတဲ့ ဖခင်ကို နေမကောင်းဖြစ်မှာ အရမ်း စိတ်ပူတယ်လို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။ သူမရဲ့ ကျန်းမာရေးထက် မိဘတွေရဲ့ ကျန်းမာရေးကို ပိုကောင်းအောင် ဂရုစိုက်နေတယ်လို့လည်း သူက ပြောပါတယ်။ 

" ဖေဖေက အခုတော့ အိမ်ကိုပြန်ရောက်နေပါပြီ။ ဖေဖေ က ဆီးချိုလည်းရှိတယ်၊ နှလုံးကလည်း စက်ထည့်ထားရတာဆိုတော့ အသည်းနဲ့ ပတ်သက်တဲ့ ရောဂါလည်းရှိတော့ အများကြီး စိတ်ပူစရာရှိတာပေါ့နော်။ နဂိုကတည်းက ရောဂါအခံ ရှိတော့ အရမ်း စိတ်ပူရတယ်။ ဒီရက်ပိုင်း ကစ်လည်း တော်တော်ကြီးကို ပင်ပန်းသွားတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ မိဘတွေမှာ ဆီးချိုတို့၊ နှလုံး၊ အသည်း ဒီရောဂါတွေ ရှိတဲ့ သူတွေဆိုရင် ပိုဂရုစိုက်စေချင်တယ်။ တစ်ခုခု ဖြစ်သွားရင် အရမ်းကို ရင်ကျိုးရမှာလေ။ အခုက Covid ဖြစ်နေတဲ့ ကာလဆိုတော့ အရမ်းတွေ စိတ်ပူပြီး မျိုးစုံ တွေးမိခဲ့တာ" လို့ ဆင်လက် ပြောပြလာပါတယ်။ 

Photo: Wutt Hmone Shwe Yi

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က