သူကိုယ်တိုင်လည်း လှူဒါန်းခဲ့ပါတယ်။

ကိုဗစ်ရောဂါပိုးတွေ့ရှိပြီး ရောဂါမှ ပြန်လည်ပျောက်ကင်းသွားတဲ့ လူနာနှစ်ထောင်ကျော်ဆီက ပြန်လည်အလှူခံခြင်း ဖြစ်ပါတယ်။

Photo : မျိုးကြီး



အဆိုတော် မျိုးကြီးဟာ ကိုဗစ်ပထမလှိုင်းမှာCovid -19 Positive ကနေ Negative နှစ်ကြိမ်ပြကာ ဆေးရုံက ဆင်းခွင့်ရခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အခုလို ကိုဗစ်ဒုတိလှိုင်းမှာ လူနာ လူဦးရေတွေ များပြားလာချိန် ကိုဗစ်ရောဂါကနေ ပြန်လည်ပျောက်ကင်းသွားသူတွေရဲ့

Plasma သွေးရည် ကြည် အများအပြား လိုအပ်လျက်ရှိတာကြောင့် အဆိုတော် မျိုးကြီးက သွေးရည်ကြည်များ ပြန်လည်လှူဒါန်းဖို့အတွက် တိုက်တွန်း နှိုးဆော်ထားတာတွေ့ရပါတယ်။

“လက်ရှိ COVID အရေးပေါ် လူနာများအတွက် Plasma သွေးရည်ကြည် အများအပြား လိုအပ်လျက်ရှိပါသည်။ ယခင် COVID ရောဂါခံစားရပြီး ပြန်လည် ကောင်းမွန်လာခဲ့သူများဆီမှ သွေးရည်ကြည်များသည် COVID အရေးပေါ်လူနာများအတွက် အလွန်ပင် အထောက်ကူပြုပါသည်။ သို့ဖြစ်ပါ၍ သွေးရည်ကြည်လှူဒါန်းရန် ဆန္ဒရှိသူများ အောက်ပါ ဖုန်းနံပါတ်များသို့ အမြန်ဆုံး ဆက်သွယ်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ဆက်သွယ်ရန်ဖုန်း ....095130418 ၊ 095402098” ဆိုပြီး စက်တင်ာ (၂၆) ရက်နေ့ ညပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဗီဒီယိုနဲ့တကွ ပြောပြထားတာတွေ့ရပါတယ်။

Photo : မျိုးကြီး

အကယ်၍ ကိုဗစ်ပျောက်ကင်း လူနာများအနေနဲ့ သွေးရည်ကြည်များ ပြန်လည်လှူဒါန်းချင်ပါက နာမည်နဲ့ Casesနံပါတ်များကို ပြောပြဖို့ လိုအပ်ကြောင်းနဲ့ သွေးရည်ကြည် အလှူရှင်တွေက အနည်းဆုံး အသက်(၁၈)နှစ်ကနေအများဆုံး (၅၅)နှစ်အထိ ဖြစ်ဖို့လိုအပ်ပြီး ပေါင်ချိန်အနည်းဆုံး (၁၂၀) ရှိဖို့ လိုအပ်ကြောင်း ကိုလည်း မျိုးကြီးက သူ့ရဲ့ ဗီဒီယိုထဲမှာပြောထားပါတယ်။

သူကိုယ်တိုင်လည်း ကိုဗစ်လူနာတွေအတွက်တစ်ဖက်တစ်လမ်းကနေ ကူညီခွင့်ရအောင် သူ့ရဲ့ သွေးရည်ကြည်များကို ပြန်လည်လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်။ သူ့လိုပဲ ကိုဗစ်ရောဂါကနေ ပြန်လည်ပျောက်ကင်းသွားသူတွေဟာ မြန်မာနိုင်ငံမှာ နှစ်ထောင်ကျော် ရှိလို့နေပါပြီ။

ဒါကြောင့် ကိုဗစ်ပျောက်ကင်း လူနာတွေအနေနဲ့ မိမိတို့ရဲ့ သွေးရည်ကြည်ကနေ ကိုဗစ်လူနာများကို ကုသနိုင်ဖို့ ဒီအစီအစဥ်လေးမှာ ပါဝင်ကြဖို့ကိုလည်း အဆိုတော် မျိုးကြီးကဆက်လက်ပြောပြထားပါသေးတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားသူ၉၉၉၁ ဦးရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရသူ ၂၆၈၁ ဦးနဲ့ သေဆုံးသူ၁၉၈ ဦးတိတိ ရှိလို့နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က