ဒီနေ့က အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ မွေးနေ့ပါ။

ခိုင်သင်းကြည်က ဒီနေ့မှာ ကျရောက်တဲ့မွေးနေ့လေးကို အလှူအတန်းတွေနဲ့ ဖြတ်သန်းနေတာ တွေ့ရပါတယ်။



 

Photo : ခိုင်သင်းကြည်

မွေးနေ့တိုင်းကို အလှူအတန်းတွေနဲ့ ဖြတ်သန်းနေကျ အကယ်ဒမီခိုင်သင်းကြည်က ဒီနေ့မွေးနေ့လေးမှာလည်း အလှူအတန်းတွေ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေတာတွေ့ရပါတယ်။ ခိုင်သင်းကြည်က ဒီနှစ်မွေးနေ့မှာ ဧရာဝတီ ကွာရန်တင်းစင်တာသို့ငွေကျပ် သိန်း(၄၀) တိတိလှူဒါန်းခဲ့သလို ဓမ္မဝိဟာရကျောင်းတိုက်သို့ ဆန်အိတ် (၂၀) လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

ဒီနေ့မွေးနေ့အလှူအဖြစ် Covit19ယာယီကုသရေးဌာနဧရာဝတီစင်တာသို့ငွေကျပ်သိန်း ၄၀ နှင့်ဓမ္မဝိဟာရကျောင်းတိုက်သို့ဆန်အိတ် ၂၀ လှူဒါန်းပါတယ်ရှင် ။ ရန်ကုန်မြိုးကြီးနှင့်အတူမြန်မာပြည်သူ ပြည်သားများကပ်ရောဂါဆိုးမှအမြန်ဆုံးကင်းဝေးကြပြီးကျန်းမာချမ်းသာ၍ပျော်ရွှင်နိုင်ကြပါစေရှင်” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်မှာ ဒီနေ့စက်တင်ဘာ(၂၇)ရက်က ရေးသားထားပါတယ်။

Photo : ခိုင်သင်းကြည်

ခိုင်သင်းကြည်ရဲ့ မွေးနေ့အလှူအတွက် ပရိသတ်တွေကလည်း ကြည်နူးပီတိဖြစ်လို့နေကြပြီး မွေးနေ့ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါသေးတယ်။ ခိုင်သင်းကြည်ဟာ ကိုဗစ်ကာလအတောအတွင်းမှာလည်း အလှူအတန်းတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေသူပါ။ သူမရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့တုန်းကလည်း မင်္ဂလာနှစ်ပတ်လည် အလှူအဖြစ် ခေတ်သစ်ဖောင်ဒေးရှင်းမှာ Covid 19 ကာကွယ်ကုသရေး ပစ္စည်းတွေ လှူခဲ့ပါသေးတယ်။

 

အရွယ်တင်နုပျိုလွန်းလှတဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ဟာ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးနဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို  ပိုင်ဆိုင်ထားသူပါ။ ခိုင်သင်းကြည်ဟာ ပထမဆုံးအကြိမ်အကယ်ဒမီဆုအနေနဲ့ ၂၀၁၃ ခုနှစ်မှာတော့ ''စုန်းပြူး''ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ''ကောင်းကျိုးကိုယ်၌တည်စေမင်း''ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က