ဒီနေ့မှာ ဆုံးသွားတာပါ။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖခင်ဟာ ဒီနေ့(စက်တင်ဘာ၂၇ရက်)မှာ ကိုဗစ်ရောဂေါကြောင့် ကွယ်လွန်သွားခဲ့ပါပြီ။

တစ်ဆက်တည်းမှာပင် ဖခင်ကို အနီးကပ် ပြုစုစောင့်ရှောက်ခဲ့ရတဲ့ သူ့မှာလည်း ကိုဗစ်ရောဂါပိုး ရှိနိုင်တယ်လို့ ပြောထားပါသေးတယ်။ 

Photo : ထူးပိုင်ဇော်ဦး



လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖခင်ဟာ လွန်ခဲ့တဲ့ (၈)ရက်လောက်ကတည်း ဖျားနာနေတာကြောင့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ Covid -19 Positive ဖြစ်ခဲ့တာကြောင့် ဆေးကုသမှု ခံယူနေခဲ့ရာက ဒီနေ့မှာ ဆုံးပါးသွားခဲ့ပြီလို့ သိရပါတယ်။ ကိုဗစ်ရောဂါ စတင်ခံစားနေရပြီလို့ သိရချိန်မှာ ဖခင်အတွက် အနီးကပ် ပြုစုစောင့်ရှောက်ပေးခဲ့ပေမယ့် ဖခင်အခုလို ဖြစ်သွားတဲ့ သူ့အနေနဲ့ အရမ်းကို ယူကျုံးမရ ဖြစ်ရတယ်ဆိုပြီးသူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

“ကျွန်တော် ပါပါး ကို အရမ်းချစ်ပါတယ်။ဒါပေမယ့် ပါးစပ်က တခါမှ ထုတ်မပြောဖူးဘူး။ဟိုနေ့က ဆေးရုံမှာ ပြောပေမယ့် ပါပါး ကြားလိုက်သလား မသေချာလို့ နေပြန်ကောင်းရင် ကြားအောင်ပြောမယ်လို့ တွေးထားတာ။မနေ့က ဖောင်ကြီးရောက်ပြီး ဒီနေ့ ဆုံးသွားတော့ ကျွန်တော် ဘာ‌ဖြစ်မှန်း‌တောင်မသိတော့ဘူး။ဂျပန်ဆေးရုံ ICU မှာ ၅ ရက် တိတိနေရတုန်းက အချိန်ပြည့်ဘေးကနေ စောင့်ပေးနေရတော့ ဖောင်ကြီးကိုရွှေ့မယ့် အချိန် တစ်ယောက်ထဲ လွှတ်ရတာကို တော်တော်ကြီး စိတ်ကမကောင်းဘူး။သူပြန်ကောင်းလာဖို့ ဆိုတာကြီးနဲ့ လွှတ်ရတာ။ မနေ့က video call ပြောတော့လဲ သေချာ ချော့မော့ပြော‌ပေမယ့် မိသားစု အနားမှာ မရှိနေတာကို အားငယ်နေတာတွေ့ရတော့ အရမ်းဝမ်းနည်းတယ်။လွန်ခဲ့တဲ့ ၉ ရက်လောက်က အစာမကြေရင်ပြည့်ပြီး နူန်းတယ်။ လွန်ခဲ့တဲ့ ၈ ရက်က ဖျားတယ်။ နောက်ရက် ညနေပိုင်း O2 ကျ‌လို့ နောက်နေ့ ‌ဂျပန်ဆေးရုံသွားပြတယ်။ICU ထဲရောက်တယ်။ ကျွန်တော်ဘေးကနေ စောင့်ပေးတယ်။ Swab Test လုပ်တယ်။ နောက်နေ့ Covid Positive ထွက်တယ်။ အိမ်မှာစောင့်နေတဲ့ အမေ ကို Q ခေါ်သွားတယ်။Covid ကုသ ဆေးရုံတွေရဲ့ နေရာအခက်အခဲကြောင့် ဂျပန်ဆေးရုံမှာ ၃ ရက်ထပ်နေတယ်။ မနေ့က ဖောင်ကြီးကိုခေါ်တယ်။ ကျွန်တော် Q ဝင်ရတယ်။ ဒီနေ့ အဖေ ဆုံးတယ်။ အရမ်းမြန်လွန်းတယ်။ Covid ကို အရမ်းကြောက်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကြုံရမယ်လို့ တခါမှ မတွေးထားဘူး။ ကိုယ့်မိဘဆိုတော့ ပိုမဖြေနိုင်ပါဘူး။ကိုယ်တိုင်က ဘယ်မှမသွားဘဲ အိမ်တွင်းအောင်းနေပေမယ့် အဖေ သူ့ အလုပ် သွားသွားနေတာကို မတားနိုင်ခဲ့ဘူး။ ကျွန်တော် တချက်ပေါ့မိပါတယ်။ ကျွန်တော်ညံ့ပါတယ်။” ဆိုပြီး စိတ်မကောင်းစွာနဲ့ ရေးသားထားတာတွေ့ရပါတယ်။





Photo : ထူးပိုင်ဇော်ဦး

တစ်ဆက်တည်းမှာပင် ဖခင်ကို အနီးကပ် ပြုစုစောင့်ရှောက်ခဲ့ရတဲ့ သူ့မှာလည်း ကိုဗစ်ရောဂါပိုး ရှိနိုင်တယ်လို့ ပြောထားပါသေးတယ်။

“အမေနဲ့ ကျွန်တော်လဲ မစစ်ရသေးတော့ ပိုး ရှိနေနိုင်တယ်။ကျွန်တော်က ICU မှာ ၅ ရက်လုံး ရှိခဲ့တော့ ပိုရှိနိုင်ပါတယ်။ ဖြစ်မယ်ဆို ကျွန်တော်ပဲ ပိုးတွေ့ပြီး အမေ အန္တရာယ်ကင်းပါစေ” ဆိုပြီး မိခင်အတွက် ဆုတောင်းထားပါသေးတယ်။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးအတွက် အရမ်းကို နာကျင်ခံစားနေရပြီး ဖခင်အတွက် ဘာမှမလုပ်ပေးနိုင်တာကြောင့် ယူကျုံးမရ ဖြစ်လို့နေပါတယ်။

“၂၀၁၂ က ညီလေး ဆုံးပြီးကတည်းက ဒီလို အဖြစ်ဆိုးမျိုး လုံးဝ မကြုံရပါစေနဲ့တော့လို့ ဘုရားမှာဆုတောင်းပေမယ့် မပြည့်ပါဘူး။

ဒီတခါ ကျန်တဲ့ မိသားစု အားလုံး တကွဲတပြားစီနဲ့ အဖေကို သွားတောင်တွေ့လို့မရတော့‌တာ တော်တော် ဆိုးပါတယ်။ ဒီစာဟာ ကျွန်တော် ရေးချင်လို့ ရေးတာ ၊ သူများတွေ သင်ခန်းစာ ယူနိုင်အောင်နဲ့ ကျွန်တော့် ဘဝမှာ အမြဲ နောင်ကြဉ်အောင် ရေးတာပါ။ Lecture ရိုက်မယ့် ၊ အပြစ်တင်မယ့် comment တွေ မမြင်ချင်ပါ။ မီဒီယာများမှလဲ အင်တာဗျူး မတောင်းကြပါနဲ့။ ကျွန်တော် ရူးချင်နေပါတယ်။ ဘဝမှာ ကောင်းတာလုပ်တိုင်းလဲ ကောင်းတာမဖြစ်ပါ။ အဖေဆို ဘဝတလျှောက် သူတပါးအပေါ် မိသားစု အပေါ် ၊ သူ့ မိဘ ညီအကိုမောင်နှမတွေ အပေါ် အလွန်ကောင်းပါတယ်။ ဒါပေမယ့် သူ့နောက်ဆုံးအချိန်က အလိုကြီးလား ၊ချက်ချင်းကို သဂြိုလ်ရမယ့် ကံပါတာလား။ မိသားစုနဲ့ တကွဲတပြားလား။ သူတသက်ရှာထားတဲ့ စည်းစိ

မ်တွေ အခုဆို ဘာမှ လုပ်ပေးလို့မရတော့ဘူး။ကျွန်တော် ဘုရားတရားအရမ်းလုပ်‌ေပမယ့် အခုကြုံရတော့ တရားနဲ့လဲ မဖြေနိုင်ပါဘူး။ ကျွန်တော်လောကကြီးကို တကယ်မုန်းတယ်။ပါပါး ပိုကောင်းမွန်တဲ့ ဘုံဘဝရောက်မှာပါ။ လုံလုံးနဲ့ တွေ့နေမှာပါ။ ပါပါးကို ချစ်ပါတယ်

ကျွန်တော့်အတွက် ပါပါး ဂုဏ်ယူခဲ့ရမှာပါနော်။ကျွန်တော့်ကိုချစ်တဲ့သူတွေ ဘုရားရှိခိုးဖြစ်တဲ့အခါ ဦးအောင်မြင့် အသက် ၆၆ နှစ် ကို ရည်းစူးပြီး ‌မေတ္တာပို့ အမျှ‌ေဝပေးကြပါ။ ကုသိုလ်အကျိုးကို သူ ခံစားစေချင်လို့ပါ” ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။

 


ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ လက်ရှိမှာတော့ အနုပညာလောကမှာ လူငယ် ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။ သူဟာ တက်သစ်စ လူငယ်ဒါရိုက်တာတစ်ယောက် အနေနဲ့ အကောင်းဆုံးတွေ ဖန်တီးနိုင်လို့လည်း ဝါရင့်အနုပညာရှင်ကြီးတွေရဲ့ ချီးကျူးခြင်းကို ခံထားရသူတစ်ယောက်ပါ။ သူ့ကိုတော့ " ည" ရုပ်ရှင်ဇာတ်ကားကြီးက စလို့ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် " သူစိမ်းအိမ်" ရုပ်ရှင်ကားကြီး ၊ " လရဲ့အောက်ဘက် မိုင်အဝေးမှာ" ရုပ်ရှင်ကားကြီး တို့ကိုလည်း ပုံဖော်ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ အခုဆိုရင်တော့ Yangon in Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေရင်း Covid ကာလကြောင့် ခဏ ရပ်နားထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က