ပိုးသတ်ဆေးလိုက်ဖြန်းနေတယ်လို့ သိရပါတယ်။

တိုင်ရွန်ကတော့ Covid Positive ဖြစ်ခဲ့တဲ့ လမ်းတွေကို ပိုးသတ်ဆေးတွေ လိုက်ဖြန်းနေတယ်လို့ ဆိုပါတယ်။ 

Photo: Tyron



တိုင်ရွန်ကတော့ Covid ကာလမှာ Volunteer အဖြစ် စတင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ သူဟာ စက်တင်ဘာလ ၂၇ ရက်နေ့ ညတုန်းက အလုံမြို့နယ် အတွင်းက Covid Positive လူနာတွေ ရှိခဲ့တဲ့ လမ်းများအတွက် အခြား ကျန်းမာရေးဝန်ထမ်းတွေနဲ့ အတူ ပိုးသတ်ဆေးတွေ လိုက်ဖြန်းလျှက်ရှိတယ်လို့ ဆိုပါတယ်။ 

" ဦးစားပေးအနေနဲ့ Positive ဖြစ်ပေါ်ထားသော လမ်းများနှင့် တိုက်များကို အလုံမြို့နယ် အုပ်ချူပ်ရေးမှူး ညွှန်ကြားမှုအတိုင်း ယနေ့ညမှစ၍ ပိုးသတ်ဆေး ဖြန်းပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျှက်ရှိပါတယ်။ နောက်ရက်များမှာလည်း ထပ်မံဆောင်ရွက်သွားမည်ဖြစ်သလို ဆေးဖြန်းဖို့ အကူအညီတောင်းခံမှုများကိုလည်း လက်ခံ ကူညီပေးသွားမှာဖြစ်ပါတယ်။ အကူအညီတောင်းခံမှုမှာ မိမိတို့ မြို့နယ် လမ်း/ရပ်ကျေး လူကြီးများ၏ ခွင့်ပြုချက် ရယူပြီးမှသာ လာရောက်ကူညီပေးမည်ဖြစ်ပါသည်" ဆိုပြီးတော့ စက်တင်ဘာလ(၂၇) ရက်နေ့ ည ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Tyron

အဲဒီနောက် တိုင်ရွန်နဲ့ အတူ ပိုးသတ်ဆေးတွေ လိုက်ဖြန်းခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ရဲဟိန်းကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တိုင်ရွန်ရဲ့ စိတ်နေစိတ်ထားကို  ပြောပြထားပါသေးတယ်။ 

" လိုက်ကူပါရစေဆိုပြီး First Wave ကတည်းက လာလာပြောတယ်။ ကိုယ်ကလည်း မင်းသားတွေဆို ခေါ်မခိုင်းရဲဘူး။ ခုတော့ ထပ်နားပူလို့ ကဲလာကွာဆိုပြီး လှူတာတွေရော ဆေးဖြန်းတာတွေရော ခေါ်သွားတယ်။ ဟိုရက်တွေထဲကလည်း လိုက်ကူပေးတယ်" ဆိုပြီးတော့ စက်တင်ဘာလ(၂၇) ရက်နေ့ ညက ရေးသားထားတာ ဖြစ်ပါတယ်။ 

တိုင်ရွန်ဟာ ၂၀၁၅ ခုနှစ်တုန်းက ရေဘေးဖြစ်တဲ့အချိန်မှာ လိုအပ်တဲ့နေရာတွေမှာ သွားရောက်လှူဒါန်းဖို့အတွက် အလှူခံကြခဲ့ အချိန်မှာ Future Youth ပရဟိတ အဖွဲ့နဲ့ ပူးပေါင်း ပါဝင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ မီးဘေး အန္တရာယ် ကျရောက်ချိန်မှာလည်း မီးသတ်သမား တစ်ယောက်အနေနဲ့ ပါဝင်လာခဲ့သေးတယ်လို့ ရဲဟိန်း က ဆက်လ
က်ရေးသားထားခဲ့ပါသေးတယ်။ 

Photo: Tyron

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က