Covid ကြောင့် အလုပ်တွေလည်း နားထားပါတယ်တဲ့။

သက်မွန်မြင့်ကတော့ Covid ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတဲ့အခါမှာ သူမရဲ့ကလေးတွေကို အရင်ထက် ပိုပြီး အချိန်ပေးရင်း တစ်နေ့တာ ဖြတ်သန်းမှုတွေအကြောင်းပြောပြလာပါတယ်။ 

Photo: Thet Mon Myint



သက်မွန်မြင့်ကတော့ Covid မတိုင်ခင်က အနုပညာအလုပ်တွေ ကို အဆက်မပြတ် လုပ်ကိုင်နေရတဲ့ မင်းသမီးချော တစ်ယောက်ပါ။ လက်ရှိမှာတော့ COVID-19 ကူးစက်ရောဂါကြောင့် ရိုက်ကူးရေးတွေ ရပ်နားလိုက်ရတဲ့ အချိန်မှာ သူမရဲ့ သားနဲ့ သမီးကို ပိုပြီး အချိန်ပေးဖြစ်နေသလို ကလေးတွေကို အရင်ကထက် ပိုပြီး နားလည်လာတယ်လို့ သူက ဆိုပါတယ်။

" သူတို့ကို အရင်ကထက် အချိန်ပေးရတာ ပိုပြီးများလာတော့ သူတို့ကိုလည်း ပိုပြီးတော့ နားလည်လာတယ်။ မိဘနဲ့ ကလေးနဲ့ ပိုပြီးတော့ ထိတွေ့မှုရှိတဲ့အခါကျတော့ သူတို့ရဲ့ ခံစားချက်တွေ၊ လိုအပ်ချက်တွေ၊ ကိုယ်ဖြစ်စေချင်တဲ့ အရာတွေကို အများကြီး ပုံသွင်းလို့လည်းရတယ်၊ သင်ပေးလို့လည်းရတယ်၊ ပြောပြလို့လည်း ရတယ်ဆိုတော့ သူတို့ အများကြီး တိုးတက်လာတယ်ပေါ့နော်။ သက်မွန်က အလုပ်ရှိရင် အိမ်မှာ သိပ်မနေရဘူးလေ။ မနက် (၇) နာရီလောက်ကနေ ည (၇) နာရီလောက်အထိက အိမ်မှာ မနေရဘူး။ အခုတော့ အိမ်မှာပဲ ကလေးတွေနဲ့ နေပြီး ချစ်လိုက်၊ ရန်ဖြစ်လိုက်၊ စိတ်ကောက်လိုက်နဲ့ ပြီးရော " ဆိုပြီးတော့ စက်တင်ဘာလ(၂၇) ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ 

Photo: Amazing Grace

သက်မွန်မြင့်ဟာ Covid ကြောင့် ပရိသတ်တွေကို စိတ်ဓာတ်မကျစေချင်တဲ့ အကြောင်း၊ စိတ်ညစ်စရာတွေကို မတွေးသင့်တဲ့ အကြောင်း တွေကို Live ထဲမှာ ပြောပြခဲ့ပါသေးတယ်။ သူမကိုယ်တိုင်ကလည်း Covid နဲ့ ပတ်သက်ပြီး ကောင်းတဲ့အရာလေးတွေကို ရွေးချယ်ပြီး စဉ်းစားဖြစ်တယ်လို့ ဆိုပါတယ်။

 “ Covid မှာ သက်မွန်အတွက် အကောင်းတွေ တွေးရင်တော့ ဒီကာလမှာ တော်တော်နေမကောင်းဖြစ်သွားတဲ့ အတွက် အလုပ်မလုပ်ရတဲ့ အချိန်မှာ ဖြစ်တာဆိုတော့ အလုပ်လည်း သပ်သပ်ကြီး မနားရတော့ဘူး။ ကိုယ့်ကြောင့် သူများတွေလည်း အနှောင့်အယှက်မဖြစ်တော့ဘူး။ ကိုယ်လည်း စိတ်အေးလက်အေးနားရတော့ တစ်ခု ကောင်းတယ်။ ကလေးတွေနဲ့ အတူတူနေရတာ တစ်ခုလည်းကောင်းတယ်။ ရုပ်ရှင်ကတော့ ရိုက်ရဖို့ ပိုဝေးပါပြီ။ ပထမတုန်းကတော့ ဒီဇင်ဘာကျရင် ကားပြန်ရိုက်မယ် လို့တွေးထားတာ အခုက မလွယ်ဘူးလေ" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Amazing Grace

သက်မွန်မြင့်ဟာ အနုပညာလောကထဲကို အသက်(၁၈) နှစ်ကတည်းက ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ သူမက VCD သီချင်းတွေမှာ စတင် သရုပ်ဆောင်ရင်း ပရိသတ်တွေ အားပေးမှု ရရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က