လက်ဆောင်ပေးထားတဲ့ ဒီဇိုင်နာတွေကလည်း ကျေနပ်ကြမှာပါတဲ့။

ဆောင်းယွန်းစံကတော့ Covid ကာလမှာ အရေးပေါ် လိုအပ်မှုရှိနေတဲ့ လူနာတင်ယာဉ် လှူဒါန်းနိုင်ဖို့ သူမရဲ့ ဝတ်စုံလေးတွေကို ရောင်းချသွားမယ့်အကြောင်း ပြောပြလာပါတယ်။ 

Photo: RBV



သရုပ်ဆောင် ဆောင်းယွန်းစံက သူမရဲ့ မြန်မာဝတ်စုံလှလှလေးတွေကို အွန်လိုင်းကနေ ရောင်းချသွားမယ်လို့ သိရပါတယ်။ ရရှိလာတဲ့ ငွေကြေးတွေကိုတော့ လူနာတင်ယာဉ် ဝယ်ဖို့ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ 

" Hello Everyone လူနာတင်ယာဉ်ဝယ်ဖို့အတွက် ဆောင်းက ရန်ပုံငွေရှာပါမယ်။ ဆောင်းရဲ့ မြန်မာဝတ်စုံလေးတွေကို ၁၀၀၀၀/၁၅၀၀၀ လောက်နဲ့ ရောင်းပေးပါမယ် ..(ဒီဇိုင်နာတွေ ချုပ်ထားတဲ့လက်ရာလေးတွေပါ) တချို့အကျီလေးတွေကိုလည်း ၃၀၀၀/၅၀၀၀ လောက်နဲ့ရောင်းပေးပါမယ်။ ရတဲ့အမြတ်ငွေတွေကို လူနာတင်ယာဉ်အတွက် အကုန်လှူမှာပါ။ ဆောင်းကို လက်ဆောင်ပေးထားတဲ့ ဒီဇိုင်နာ မမတို့လည်း ကျေနပ်မယ်ထင်ပါတယ်။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် လူနာတင်ယာဉ် တစ်စီးရအောင်ဆောင်း ကြိုးစားပါ့မယ်။ ဆောင်းနဲ့တူတူ လှူဒါန်းချင်တယ်ဆိုရင် ငွေတစ်ထာင်က စပြီး လှူဒါန်းနိုင်ပါတယ် ။ ငွေတစ်ထောင်နဲ့ လူနာတင်ကားလေးကို အားလုံးစုပေါင်းအားနဲ့ လှူရအောင်နော်" ဆိုပြီးတော့ စက်တင်ဘာလ ၂၈ ရက်နေ့ မနက် (၁၀) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Song Yoon San

ဆောင်းယွန်းစံရဲ့ လူနာတင်ယာဉ် ရန်ပုံငွေရှာဖွေရေးအတွက် ပါဝင်သွားမယ့် ပရိသတ်တွေ အနေနဲ့        09696910009- Wave account ၊ 09767688511 - KBZ pay account နဲ့ KBZ account-02130102103628102 စသည့် အကောင့်တွေကနေ တဆင့် ငွေလွှဲပြီး ကုသိုလ်ပါဝင်နိုင်တယ်လို့ ရေးသားထားပါသေးတယ်။ သူမဟာ Covid ကာလမှာ မေတ္တာသိင်္ဂဟ အဖွဲ့နှင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ အလှူအတန်းတွေ မကြာခဏ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ 

Photo: RBV

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က