(၁၄) ရက်ဆိုတာ အချိန်ခဏလေးပါ။

နိုင်းနိုင်း ကတော့ အိမ်ထဲမှာ နေခြင်းအားဖြင့် Covid ရောဂါကို ကာကွယ်ကြဖို့ အခုလို ပြောပြလာပါတယ်။ 

Photo: Actor 99



သရုပ်ဆောင် နိုင်းနိုင်းဟာ သူချစ်ရတဲ့ ပရိသတ်တွေကို COVID-19 ရောဂါပိုး ကူးစက်မခံရအောင် ကာကွယ်စေချင်တယ်လို့ ဆိုပါတယ်။ မိသားစုရဲ့ ကျန်းမာရေးကို ငဲ့ပြီး အသွားအလာ ဆင်ခြင်ပါလို့လည်း သူက ပြောပါတယ်။ 

“ ကျွန်တော် အိမ်မှာနေရင်း ပရိသတ်ကို နှုတ်ဆက်လိုက်ပါတယ်။ (၁၄) ရက်ဆိုတဲ့ ကာလဟာ အင်မတန်မှ တိုတောင်းလွန်းလှပါတယ်။ ကိုယ်အသက်ရှင်နေမယ်ဆိုရင် (၁၄) ရက်ထက်မက အသက်ရှင်ချိန်တွေ အများကြီးရှိပါသေးတယ်။ ကိုယ်ကိုယ်တိုင် သွားလာခဲ့တဲ့ နေရာတွေက ကိုယ့်မိသားစုအတွက် စိတ်မချရဘူးဆိုရင် ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ အသိစိတ်ဓာတ်လေးနဲ့ (၁၄) ရက်တိတိ အသွားအလာ၊ အနေအထိုင် ဆင်ခြင်လိုက်ပါ။ ” ဆိုပြီးတော့ စက်တင်ဘာလ (၂၈) ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Actor 99

သရုပ်ဆောင် နိုင်းနိုင်းကတော့ စက်တင်ဘာလ (၂) ရက်နေ့ကစပြီး တစ်ပတ်အကြာ INYA LAKE HOTEL မှာ Quarantine ဝင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အမေရိကားမှာရှိတဲ့ မိသားစုဆီက ပြန်လာပြီး ချက်ချင်း Quarantine ဝင်လိုက်တာပါ။ Covid ရောဂါပိုးကူးစက်မှု ထပ်မံ မပြန့်ပွားအောင် အိမ်မှာ နေခြင်းက အကောင်းဆုံးပါလို့လည်း နိုင်းနိုင်းက ဆိုပါတယ်။ 

“ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပါ နှစ်အများကြီး အသက်ရှင်ချိန် ရအောင် လုပ်ပေးလိုက်တာနဲ့ အတူတူပါပဲ အခုချိန်က အိမ်မှာနေရမယ့် အချိန်ပါ၊ အခုချိန်က မျှော်လင့်ချက်တွေ ရှင်သန်နေရမယ့် အချိန်ပါ၊ အခုချိန်မှာ အကြင်နာကရုဏာ ထားရမယ့် အချိန်ပါ။ အခုချိန်က တစ်ယောက်နဲ့ တစ်ယောက် အားပေးကူညီရမယ့် အချိန်ပါ။ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက် လူသားအားလုံးအတွက် ဘေးကင်းလုံခြုံဖို့ကမိမိတာဝန်ပါ။ ခက်ခဲပေမယ့် အတူတူ ကျော်ဖြတ်ကြမယ်။ အိမ်ထဲမှာပဲ နေကြစို့” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Actor 99

နိုင်းနိုင်းရဲ့ အနုပညာသက်တမ်း အနှစ် ၂၀ကျော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူ့ကိုတော့ Music Video တွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ် စတင်သိရှိခဲ့တာပါ။ အနုပညာသက်တမ်းကြာလာတာနဲ့အမျှ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကြောင့် အောင်မြင်မှုတစ်ခု ရရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီး ၃ ယောက်၊ သားတစ်ယောက် တို့ရဲ့ ဖေဖေ ဖြစ်လို့နေပါပြီ။ နိုင်းနိုင်းဟာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ၊ ဂျာနယ် နဲ့ သတင်းစာ မျက်နှာဖုံးတွေကနေတဆင့် ပရိသတ်တွေ သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ရှိပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က