ကျန်းမာရေး ဂရုစိုက်ကြဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။

သန္တာလှိုင်ကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကနေ တဆင့် လိုအပ်မှုရှိနေတဲ့ နေရာတွေမှာအသုံးပြုနိုင်အောင် ကုသိုလ်အလှူပြုခဲ့တဲ့ အကြောင်း ပြောပြလာပါတယ်။ 

Photo: Thandar Hlaing



သန္တာလှိုင်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလာခဲ့ပါတယ်။ Covid ကာလမှာ ကျန်းမာရေး ကောင်းမွန်ဖို့ အတွက် နေ့စဉ် လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်အောင် သူမကိုယ်တိုင်ကလည်း T Fitness personal Training Application ထုတ်ခဲ့တာ တွေ့ရပါတယ်။ 

" လတ်တလော ဖြစ်ပွါးနေတဲ့ ကူးစက်မြန် ရောဂါကို အကောင်းဆုံး တုံ့ပြန်ခြင်းက ကိုယ့်ကိုယ်ကို မကူးစက်အောင် နေထိုင်ခြင်းပါပဲ။ ဒီလို မကူးစက်အောင် ကာကွယ်နိုင်စေဖို့ လူအများကို ကိုယ့်အိမ်မှာပဲ နေရင်း ကိုယ့်ရဲ့ ခန္ဓာကိုယ် ခုခံအား စနစ်တွေ မြှင့်မားကောင်းမွန်နေအောင်၊ လေ့ကျင့်ခန်းတွေ စိတ်အားထက်သန်စွာနဲ့ ပုံမှန်လုပ်ဖြစ်အောင် First Wave မှာထဲက ကျွန်မတို့ဟာ T Fitness နဲ့ အတူ Challenge တွေ၊ ကျန်းမာရေး အသိပညာ ဗဟုသုတတွေ ကို နေ့စဉ် Live လွှင့်ပြီး မျှဝေဖို့ ကြိုးစားခဲ့ပါတယ်" ဆိုပြီးတော့ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ Facebook Page ကနေ ရေးသားခဲ့ပါတယ်။ 

Photo: Thandar Hlaing

သန္တာလှိုင် အနေနဲ့ Covid ကာလမှာ အလှူအတန်းတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကိုလည်း ငွေကျပ် သိန်း(၂၀) လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

"တစ်ချိန်ထဲမှာပဲ ရှေ့တန်းက ဆေးကုသပေးနေတဲ့ အမှန်တကယ် လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီးတော့ ကျွန်မတို့ရဲ့ T Fitness personal Training Application ရဲ့ Members များအားလုံးရဲ့ ကိုယ်စား တတ်နိုင်သလောက် လှူဒါန်းမှုလေး ပြုလုပ်ပေးလိုက်ပါတယ်နော်။ အခုလို ကူးစက်မြန် ရောဂါကြောင့် အလုပ်တွေ ရပ်နားနေရတဲ့အချိန်၊ စီးပွါးရေးတွေ ဝင်ငွေတွေ ကျဆင်းနေတဲ့ အချိန်က ဘယ်လောက်အထိ ကြာဦးမယ်ဆိုတာ မသိနိုင်သေးပေမယ့် တတ်နိုင်သမျှ အပြင်မထွက်ဘဲ အိမ်မှာပဲ နေပါ၊ တတ်နိုင်သမျှ ချွေတာပါ၊ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ခုခံအားကို အမြင့်ဆုံးမှာ ရောက်အောင် နေထိုင်စားသောက်ပါလို့ အားလုံးကို တိုက်တွန်းချင်ပါတယ်။ အကောင်းဆုံး ကျော်ဖြတ်နိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်ရှင်" ဆိုပြီးတော့လည်း ဆက်လက် ပြောပြထားပါသေးတယ်။ 

Photo: Thandar Hlaing

သန္တာလှိုင်ကိုတော့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာပါ။ သူမဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သူမဟာ လက်ရှိမှာ T's Workshop studio gym နဲ့ T’s Application ကို ဦးဆောင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က