သူ့ကို သားတစ်ယောက်လို ချစ်ခဲ့သူပါတဲ့။

အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ မိခင်ကြီးကတော့ ဒီနေ့(စက်တင်ဘာလ ၃၀ ရက်)မှာ ကွယ်လွန်သွားတဲ့ အကြောင်း ရန်အောင်က ပြောလာပါတယ်။ 

Photo: Moh Moh Myint Aung



ရန်အောင်ကတော့ အကယ်ဒမီမို့မို့မြင့်အောင်ရဲ့ မိခင်ဟာ စက်တင်ဘာလ(၃၀) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။ နောက်ဆုံး ခရီးကို လိုက်မပို့ခဲ့ရလို့လည်း ဝမ်းနည်းမိတဲ့အကြောင်း ပြောလာပါတယ်။ 

" ချစ်ရတဲ့အစ်မ မမို့(မို့မို့မြင့်အောင်)ရဲ့မွေးမိခင်ကြီး ယနေ့ နေ့လည် ၁နာရီ ၅မိနစ်မှာ လူကြီးရောဂါနှင့် ဆုံးပါးသွားတဲ့အတွက်။ မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။ ကျွန်တော့်ကို ချစ်တဲ့၊ ကျွန်တော်က ချစ်တဲ့ မာမီ့ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ရ၊ မျက်နှာလေးကိုမကြည့်လိုက်ရလို့ ပိုပြီး ခံစားကြေကွဲရပါတယ်မာမီရေ" ဆိုပြီးတော့ စက်တင်ဘာလ(၃၀) ရက်နေ့ ညနေ (၃) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲပါတယ်။

Photo: Yan Aung

မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ အကယ်ဒမီ မို့မို့မြင့်အောင်အတွက် အနုပညာလောကသားတွေနဲ့ သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ ရန်အောင် ကိုယ်တိုင်ကလည်း သူကိုယ်တိုင် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေကို ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

" ကျွန်တော့်အိမ်နဲ့နီးပါတယ် လမ်းထိပ်တင်၊ ဒါပေမယ့် Covid ကြောင့် ဘယ်မှမသွား/မလာရတော့ ဝတ္တရားမကြေသလိုခံစားရပြန်တယ်။ အသက်(၉၉) နှစ် ရှိပြီဖြစ်တဲ့မာမီရေ....ဒီ (၉၉) နှစ်လုံး သုံးလာတဲ့ ခန္ဓာကိုယ် အဟောင်းကိုစွန့်ပြီးကောင်းရာဘုံဘဝသစ်မှာ ခန္ဓာသစ်နဲ့ သုခချမ်းသာပြည့်စုံရရှိပါစေခင်ဗျာ"လို့ ဆိုပါတယ်။ 

Photo: Moh Moh Myint Aung

ရန်အောင် နဲ့ မို့မို့မြင့်အောင် တို့ဟာ အနုပညာလောကမှာ အကယ်ဒမီဆုများစွာကို ပိုင်ဆိုင်ထားကြတဲ့ အနုပညာမောင်နှမ တွေဖြစ်ကြပါတယ်။ နှစ်ယောက် အတူတွဲပြီး TV ကြော်ငြာတွေ အများကြီး ရိုက်ကူးခဲ့တာ ဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း အတူတူ ရိုက်ကူးခဲ့ကြတာ တွေ့ရပါတယ်။ မို့မို့မြင့်အောင်ကတော့ အနုပညာလောကထဲကို ရန်အောင်ထက် အရင်ဝင်ရောက်လာတဲ့ စီနီယာ တစ်ဦးဖြစ်တယ်လို့ ရန်အောင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က