Covid ကာလမှာ အလှူအတန်းတွေ မကြာခဏ ပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်။

စမိုင်းလ် တို့ မိသားစုကတော့ Covid ကာလမှာ အလှူအတန်းတွေ အဆက်မပြတ်လုပ်ဆောင်နေတာဖြစ်သလို လက်ရှိမှာလည်း Fortune Plaza WeloveYangon Happy COVID-19 Center အတွက် ကုတင်တွေ လှူခဲ့တာကို တွေ့ရပါတယ်။ 

Photo: အရည်ကြို



သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုကတော့ Fortune Plaza WeloveYangon Happy COVID-19 Center အတွက် ကုတင်အလုံး(၆၀၀) လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ ကုတင်အလုံး(၆၀၀) ကို ငွေကျပ် သိန်း(၆၀) တန်ဖိုးရှိတယ်လို့လည်း သိရပါတယ်။ 

" ကိုပြည့်မောင် + မစမိုင်းလ် မိသားစုမှ ပြည်သူနဲ့အတူ စုပေါင်းညီ Fortune Plaza WeloveYangon Happy COVID-19 Center ကုတင် (600) တွင် အသုံးပြုရန် ကုတင် တစ်လုံးလျင် (6) သောင်းနှုံးဖြင့် = ကုတင် (100) လှူဒါန်းပေးပါတယ်။ တန်ဖိုးအားဖြင့် သိန်း (60) ဖြစ်ပါတယ်။ ကိုဗစ်စတင်ဖြစ်စဉ်အချိန်ကစပြီး အလှူရေစက်လက်နဲ့မကွာ အမြဲဒါနပြုတဲ့ သူငယ်ချင်း မိသားစု ရေလိုအေးလို့ ပန်းလိုလန်းပါစေ" ဆိုပြီးတော့ အောက်တိုဘာလ (၂) ရက်နေ့ မနက် (၈) နာရီကျော်က အရည်ကြိုရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Amazing Grace

ဒီပို့စ်ကို သရုပ်ဆောင် စမိုင်းလ် ကိုယ်တိုင်ကလည်း သူမရဲ့ စာမျက်နှာပေါ်မှာ ပြန်လည် ဝေမျှခဲ့ပါတယ်။ စမိုင်းလ်တို့ မိသားစုဟာ Covid ကာလမှာ အလှူအတန်းတွေ အဆက်မပြတ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် သူတို့ ဇနီးမောင်နှံဟာ ဇူလိုင်လတုန်းကလည်း သစ်တံခါးကျောင်းတိုက်မှာ သာသနာ့ဘောင်ဝင်ရောက်ခဲ့ပါသေးတယ်။ သာသနာ့ဘောင်ထဲ ဝင်ရောက်နေစဉ်အတွင်းမှာလည်း စမိုင်းလ် တို့ ဇနီးမောင်နှံဟာ ဘုန်းကြီးကျောင်းရဲ့ သန့်ရှင်းရေး အပိုင်းတွေကိုလည်း ဝင်ရောက် လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ 

Photo: အရည်ကြို

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထား သလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က