နောက်ထပ် တစ်စီး ထပ်လှူဦးမယ်လို့ ဆိုပါတယ်။

ဆောင်းယွန်းစံကတော့ ပရိသတ်တွေဆီက တစ်ယောက်တစ်ထောင် ကောက်ခဲ့တဲ့ ငွေနဲ့ လူနာတင်ယာဉ်တစ်စီးလှူဒါန်းခဲ့တဲ့အကြောင်းပြောပြလာပါတယ်။ 

Photo: Song Yoon San



သရုပ်ဆောင် ဆောင်းယွန်းစံဟာ သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့ စုပေါင်းပြီး Covid ကာလမှာ လိုအပ်မှုရှိနေတဲ့ လူနာတင်ယာဉ် တစ်စီးကို လှူဒါန်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ဒီ အလှူလေးနဲ့ ပတ်သက်ပြီး သူမရဲ့ ပီတိလေးကို ပြောပြလာခဲ့ပါတယ်။ 

" အားလုံးအတွက် ဝမ်းသာစရာသတင်းကောင်းလေးတစ်ခုပါ။ ဆောင်း လွန်ခဲ့တဲ့ ရက်တွေက တစ်ယောက်ကို တစ်ထောင် အလှူခံခဲ့ပါတယ်။ ဆောင်းကိုယုံကြည်စွာနဲ့ အလှူငွေလေးထည့်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ ခုဆို မောင်လေး Han Lynn Htun ရဲ့ လူနာတင်ယာဉ်ကားလေးမှာ လှူဒါန်းနိုင်ခဲ့ပါပြီနော်။ ဆောင်းနဲ့ ဆောင်းကိုချစ်တဲ့ သူတွေရဲ့ ကုသိုလ်ပါ။ အားလုံးကို အမျှပေးပါတယ်" ဆိုပြီးတော့ အောက်တိုဘာလ (၂) ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Song Yoon San

ဆောင်းယွန်းစံဟာ Covid ကာလမှာ အလှူအတန်းတွေ အဆက်မပြတ် လုပ်ဆောင်နေတဲ့သူတစ်ယောက်ပါ။ လက်ရှိမှာလည်း သူ လှူဒါန်းလိုက်တဲ့ လူနာတင်ယာဉ်အလှူအတွက် ပရိသတ်တွေကလည်း သာဓုခေါ်ဆိုခဲ့ကြပါတယ်။ ဆောင်းယွန်းစံ အနေနဲ့ နောက်ထပ် လူနာတင်ယာဉ်တစ်စီး ထပ်လှူဖို့ သူမရဲ့ မြန်မာဝတ်စုံလေးတွေကို ရောင်းချသွားမယ်လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

" နောက်ထပ်လူနာတင်ယာဉ်ကားလေးတစ်စီးထပ်လှူပါဦးမယ် ။နောက်ထပ်လူနာတင်ယာဉ်အတွက် ဆောင်းယွန်းအကျီလေးတွေရောင်းပီး ရန်ပုံငွေထပ်ရှာပါဦးမယ်နော် ။ JD collection က လှူထားတဲ့ဝတ်စုံလေးတွေရောင်းပြီးရန်ပုံငွေရှာပါမယ်။ ၅.၁၀.၂၀၂၀ မှာလည်း မြန်မာဝတ်စုံလေးတွေရောင်းပါမယ်နော်။ ဒီတိုင်းလှူချင်လည်းလှူလို့ရပါတယ်ရှင့်။ နောက်ထပ် လူနာတင်ယာဉ်လေးအတွက် ထပ်လှူဒါန်းပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။ မောင်လေး ဟန်လင်းထွန်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်။ စုပေါင်းအားနဲ့ လှူရအောင်နော်" လို့ သူက ဆိုပါတယ်။ 

Photo: Song Yoon San

ဆောင်းယွန်းစံရဲ့ လူနာတင်ယာဉ် ရန်ပုံငွေရှာဖွေရေးအတွက် ပါဝင်သွားမယ့် ပရိသတ်တွေ အနေနဲ့    09696910009- Wave account ၊ 09767688511 - KBZ pay account နဲ့ KBZ account-02130102103628102 စသည့် အကောင့်တွေကနေ တဆင့် ငွေလွှဲပြီး ကုသိုလ်ပါဝင်နိုင်တယ်လို့ ရေးသားထားပါသေးတယ်။ ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က