Fortune Plaza Quarantine Center မှာ ကုတင်(၁၀)လုံး လှူခဲ့ပါတယ်။

ဒါရိုက်တာ ထူးပိုင်ဇော်ဦး နဲ့ မိသားစုဝင်တွေကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူအတွက် ရည်စူးပြီး Fortune Plaza Quarantine Center မှာ ငွေကျပ်(၆) သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

Photo: Htoo Paing Zaw Oo



ဒါရိုက်တာ ထူးပိုင်ဇော်ဦးတို့ မိသားစုကတော့ Covid ကာလမှာ ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူအတွက် အလှူအတန်းတွေ ပြုလုပ်ပေးနေတာပါ။ လက်ရှိမှာတော့ Fortune Plaza Quarantine Center မှာ လူနာတင် ကုတင်(၁၀) လုံး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

" Fortune Plaza - We Love Yangon Happy Covid Center သို့ Covid-19 ကာကွယ်၊ ကုသရန် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင် ကွယ်လွန်သူ ဦးအောင်မြင့် အသက် (၆၆) နှစ်အားရည်စူး၍ ဇနီးဒေါ်စန်းစန်း သား ဒေါက်တာဇော်ဇော်ဦး + မသင်းသင်းလှိုင်၊ သား ဒေါက်တာထူးပိုင်ဇော်ဦး၊ သား ( မောင်အောင်ဖြိုးဟန်) မြေး ဖုန်းခန့်ဇော်၊ သုနေအေး မိသားစု မှ တန်ဖိုးငွေ ၆၀၀, ၀၀၀/-( ခြောက်သိန်း)ခန့်ရှိသော ကုတင် (၁၀)လုံး အား Fortune Plaza - We Love Yangon Happy Covid Center သို့ လာရောက် လှူဒါန်းခြင်းအား ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံရရှိခဲ့ပါသည်။ အလှူရှင်၊စေတနာရှင်များ ကျန်းမာ ချမ်းသာ၊ ပျော်ရွှင်၊အောင်မြင်ကြပါစေကြောင်း လေးစားစွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်" ဆိုပြီးတော့ အောက်တိုဘာလ (၂) ရက်နေ့ ညနေ (၆) နာရီကျော်က Fortune Plaza - We Love Yangon Happy Covid Center ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Htoo Paing Zaw Oo

ထူးပိုင်ဇော်ဦးရဲ့ ဖခင်ဟာ ဖောင်ကြီးQuarantine Center မှာပဲ စက်တင်ဘာလ(၂၇) ရက်နေ့မှာ ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။ သူ့ရဲ့ဖခင်ဟာ အစာမကြေ ရင်ပြည့်ပြီး လူက နှုန်းလွန်းတာကြောင့် ဂျပန်ဆေးရုံ ICU မှာ (၅) ရက်အကြာ ဆေးကုသမှု ခံယူခဲ့ပြီး ထူးပိုင်ဇော်ဦးကိုယ်တိုင်က အနီးကပ် ပြုစုစောင့်ရှောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဖခင်ဖြစ်သူရဲ့ ဆေးစစ်ချက်ဟာ Covid Positive အဖြေ ထွက်လာတာကြောင့် ဖောင်ကြီး Quarantine Center သို့ ပို့ဆောင်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။ အိမ်မှာ ရှိနေတဲ့ မိခင်ကိုလည်း Quarantine ဝင်ဖို့ ကျန်းမာရေး ဝန်ထမ်းတွေက ခေါ်ဆောင်သွားကြတယ်လို့ ထူးပိုင်ဇော်ဦးက စက်တင်ဘာလ ၂၇ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ပါ။ ထူးပိုင်ဇော်ဦး ကိုယ်တိုင်ကလည်းလက်ရှိမှာ ဖခင်ဖြစ်သူနဲ့ အနီးဆုံး ထိတွေ့မှု ရှိခဲ့တာကြောင့် Quarantine ဝင်နေရတယ်လို့ ဆိုပါတယ်။

Photo: Htoo Paing Zaw Oo

ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ လက်ရှိမှာတော့ အနုပညာလောကမှာ လူငယ် ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။ သူဟာ တက်သစ်စ လူငယ်ဒါရိုက်တာတစ်ယောက် အနေနဲ့ အကောင်းဆုံးတွေ ဖန်တီးနိုင်လို့လည်း ဝါရင့်အနုပညာရှင်ကြီးတွေရဲ့ ချီးကျူးခြင်းကို ခံထားရသူတစ်ယောက်ပါ။ သူ့ကိုတော့ " ည" ရုပ်ရှင်ဇာတ်ကားကြီးက စလို့ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် " သူစိမ်းအိမ်" ရုပ်ရှင်ကားကြီး ၊ " လရဲ့အောက်ဘက် မိုင်အဝေးမှာ" ရုပ်ရှင်ကားကြီး တို့ကိုလည်း ပုံဖော်ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ အခုဆိုရင်တော့ Yangon in Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေရင်း Covid ကာလကြောင့် ခဏ ရပ်နားထားတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က