(၁၁) ရက်အကြာ Quarantine ဝင်ခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ မောင်လေးအရင်းဖြစ်သူ သရုပ်ဆောင် မောင် ကတော့ (၁၁) ရက်အကြာ Quarantine ဝင်ပြီးနောက် အိမ်ကို ပြန်ရပြီလို့ပြောပါတယ်။ 

Photo: Sein Phyo Hlaing



သရုပ်ဆောင် မောင် ကတော့ Covid ရောဂါပိုး ကင်းစင်သွားလို့ ဧရာဝတီ Quarantine Center ကနေ အိမ်ပြန်ရပြီလို့ ဆိုပါတယ်။ မောင်ဟာ ဆရာဝန်ဘွဲ့ ရရှိထားသူဖြစ်တာကြောင့် Quarantine ဝင်နေရတဲ့ (၁၁) ရက်အတွင်းမှာ လူနာတွေကို PPE ဝတ်စုံ ဝတ်စရာမလိုပဲ ကျန်းမာရေး စောင့်ရှောက်ပေးခဲ့သေးတယ်လို့လည်း သိရပါတယ်။ 

" လူနာအမှတ် 6438 အခန်းနံပါတ် A-89 အိမ်ပြန်ရပါပြီ။ ဆေးရုံမှာ ကျွန်တော်နဲ့ တူတူဆေးရုံတတ်ခဲ့ပြီး လူနာအချင်းချင်း စိတ်တူကိုယ်တူ ဝိုင်းဝန်းဖေးမခဲ့ကြတဲ့ ညီအကိုတွေလည်း အမြဲအမှတ်ရနေမှာပါ။ ကျွန်တော်တို့ကို Facebook မှတဆင့် စိတ်ပူပေးကြတဲ့ ဆုတောင်းပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ဆေးရုံတတ်နေရချိန်တွင်းမှာ အခက်အခဲတချို့ ရှိတာကြောင့် မဖြေပေးနိုင်ဘဲ ငြင်းခဲ့ရတဲ့ media များကိုလည်း ဒီကပဲ တောင်းပန်ကြောင်း ပြောပါရစေ။ Covid 19 ခရီးကြမ်းကြီးကတော့ ဒီနေရာမှာပဲပြီးဆုံးပါပြီ။ ထပ်မဖြစ်အောင်လည်း ပိုပြီးဂရုစိုက်သွားပါမယ်" ဆိုပြီးတော့ အောက်တိုဘာလ (၃) ရက်နေ့ မနက် (၁၀) နာရီကျော်က သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: Sein Phyo Hlaing

သရုပ်ဆောင် မောင်ဟာ အစ်မဖြစ်သူ နွေးနွေးလှိုင်က Covid Positive ကြောင့် ဆေးကုသမှု ခံယူနေရချိန်မှာအစ်မဖြစ်သူရဲ့ ရင်သွေးလေးတွေနဲ့အတူ Hotel Quarantine ဝင်ရင်း ပြုစု စောင့်ရှောက်ပေးရာမှ စက်တင်ဘာလ ၂၂ ရက်နေ့က ဆေးစစ်ချက် အဖြေအရ Covid Positive ဖြစ်ခဲ့တာကြောင့် ဧရာဝတီ Quarantine Center သို့ ပြောင်းရွှေ့ခဲ့တာပါ။ 

 မောင်ဟာ ဧရာဝတီ Quarantine Center မှာ လိုလေသေးမရှိအောင် (၁၁) ရက်အကြာ နေထိုင်ခဲ့ရတာကြောင့် ဧရာဝတီ Quarantine Center အဖွဲ့သားတွေကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါသေးတယ်။ 

“ပထမဆုံး ကျေးဇူးတင်ချင်တာကတော့ (၁၁) ရက်လုံးလုံး နေရေးထိုင်ရေး ပြည့်စုံအောင် စီစဉ်ပေးပါသော ဦးဇော်ဇော်နှင့် ဧရာဝတီဖောင်ဒေးရှင်းမှ အဖွဲ့သားများ၊ Volunteers များအားလုံး၊ ကျန်းမာရေးအတွက် အထူးဂရုစိုက်ပေးတဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စိုး နှင့် ကျန်းမာရေးဝန်ထမ်းများအားလုံး၊နောက်ပြီး ကျွန်တော်တို့မိသားစုတစ်ခုလုံး ရဲ့အခက်ခဲတွေကိုကူညီဖြေရှင်းပေးတဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ သူငယ်ချင်း ဒေါက်တာအေးမြတ်မွန် ၊ဒေါက်တာအိမွန်အောင် နှင့် ဆရာဝန်သူငယ်ချင်းများ၊ ကျွန်တော် ဆေးရုံတတ်ရစဉ် တစ်လျှာက်သားရင်း တစ်ယောက်လို အစစရာရာ ဂရုစိုက်ပေးတဲ့ အန်တီ မြတ်မြတ်ဦး တို့ကို ကျွန်တော်တို့မိသားစုမှအထူး ကျေးဇူးတင်ပါတယ်" လို့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Sein Phyo Hlaing

အိမ်ပြန်ခွင့်ရပြီဖြစ်တဲ့ မောင်လေးအတွက် နန္ဒာလှိုင်ကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ " မောင်လေးလဲပြန်လာပါပြီရှင့်။ အိမ်မှာ LD မဖြည်ရသေးလို့သူ့အခန်းမှာဘဲ (၇) ရက်နေရပါမယ်" ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားပါသေးတယ်။ နန္ဒလှိုင်ရဲ့ ညီမဖြစ်သူ နွေးနွေးလှိုင်နဲ့ ရင်သွေးလေးတွေကလည်း Covid ပိုးကင်းစင်သွားလို့ အောက်တိုဘာလ(၂) ရက်နေ့က Quarantine Center ကနေ အိမ်ပြန်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

သရုပ်ဆောင် မောင် ကိုတော့ သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ မောင်လေး အငယ်ဆုံး အဖြစ် ပရိသတ်တွေ သိခဲ့ကြတာပါ။ မောင် ဟာ ဗီဒီယို ဇာတ်ကားများ၊ TV ကြော်ငြာများကိုလည်း ရိုက်ကူးခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ပိုဦးစားပေး လုပ်ကိုင်လျှက်ရှိပြီး အနုပညာလောကနဲ့ ဝေးကွာခဲ့တာ ကြာပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က