ဆန်၊ ဆီ နဲ့ ဆေးဝါးတွေ လှူဒါန်းခဲ့တာပါ။

ဒိန်းဒေါင်ကတော့ Covid ကာလမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ နေရာတွေကို အလှူအတန်းတွေ လုပ်နေတာ တွေ့ရပါတယ်။ 

Photo: Daing Daung



ဒိန်းဒေါင်ကတော့ Covid ကာလမှာ သက်ကြီးလူရွှင်တော်တွေ အတွက်ရော၊ အမှန်တကယ်လိုအပ်မှုရှိနေတဲ့ နေရာတွေမှာ စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ဒီနေ့ ( အောက်တိုဘာလ ၃ ရက်) မှာတော့ လှိုင်သာယာမြို့နယ် အတွင်းက အိမ်ခြေ(၅၀) စာအတွက် အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ ကျွန်တော် ဦးဆောင်ပြီးတော့ ချွန်တွန်း ပရဟိတအဖွဲ့၊ ရန်ကုန် လူရွှင်တော်များ အသင်း နဲ့ ဇော်ဂျီမြန်မာတို့ ပူးပေါင်းပြီးတော့ အလှူလေး လုပ်ပါတယ်။ အမှန်တကယ် လိုအပ်မှုရှိနေတဲ့ လှိုင်သာယာမြို့နယ်၊ ကားလမ်းမကြီးရဲ့ လမ်းဘေးဝဲ၊ ယာမှာရှိတဲ့ အိမ်ခြေ(၅၀) စာအတွက် ဆန်ရယ်၊ Cook နေကြာဆီ နဲ့ ဆေးဝါးတွေ လှူဒါန်းခဲ့ပါတယ်။ လှူဖို့အတွက် မနေ့ကတည်းက တုံကင်လေးတွေ (၅၀) စာ ဝေထားခဲ့တာပါ" ဆိုပြီးတော့ အောက်တိုဘာလ (၃) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။  

Photo: Daing Daung

လူရွှင်တော် ဒိန်းဒေါင်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူဟာ ဘာသာတရားကိုလည်း အင်မတန် ကိုင်းရှိုင်းသူ တစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် အနန္တမေတ္တာ မိဘကျေးဇူးဆပ် စေတီတော် ကြီးကိုလည်း ကိုယ်ပိုင် တည်ထား ကိုးကွယ်လျှက်ရှိပါတယ်။ 

Photo: Daing Daung

ဒိန်းဒေါင်ကတော့ အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင် တည်ထောင်ထားတာပေမယ့် Covid ကာလကြောင့် နယ်လှည့်ဖျော်ဖြေရေးတွေ ရပ်နာထားတယ်လို့ သိရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒိန်းဒေါင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူ ခင်လှိုင်နဲ့ TV Program တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က