ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစု တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းဟာ ကိုဗစ်ကာလမှာ ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာဝန်ထမ်းများအတွက် လိုအပ်နေသည်များကို အချိန်နဲ့တပြေးညီ ကူညီပေးနေတာ တွေ့ရပါတယ်။



Photo : လင်းလင်း

ကိုဗစ်ကာလမှာ အလှူအတန်းတွေကို အဆက်မပြတ် လုပ်ကိုင်လျက်ရှိတဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ဦးစီးတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းဟာ ဒီနေ့မှာ ကိုဗစ်လူနာများအတွက် မြောက်ဥက္ကလာဆေးရုံကြီးနဲ့ ငွေကျပ် (၁၀၈)သိန်း တိတိ ထပ်မံလှူဒါန်းခဲ့တာတွေ့ရပါတယ်။‌‌မြောက်ဥက္ကလာဆေးရုံကြီးတွင် ကိုဗစ်လူနာများအတွက်အသင့်ပြင်နေတဲ့ ICU ခန်း မှာထားရှိဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့သွားရောက်လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။


"မြောက်ဥက္ကလာပဆေးရုံကြီးတွင် Covid-19 လူနာများအတွက် အသင့်ပြင်ဆင်နေသောICU တွင် ထားရှိရန်လိုအပ်သော ပစ္စည်းများဖြစ်သည့် Syringe Pump(10)လုံး ၊ Pulse Oximeter (5)လုံး ၊ Thermometer (5)လုံး ၊ Long Glove (300) ၊ Boot Cover (50)၊ Dryer (5)လုံး ၊ ဆပ်ပြာ(2)ပုံး နှင့် Plastic ပုံးကြီး (၂၀) တို့အား ခေတ်သစ်ဖောင်ဒေးရှင်းမှ ဝိုင်းဝန်းပြင်ဆင်ပေးခဲ့ပါသည် “ ဆိုပြီး အဆိုတော် လင်းလင်းရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၄)ရက်နေ့က ရေးသားထားပါတယ်။

Photo : လင်းလင်း

ထို့အပြင်တောင်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီဌာနသို့ လည်းလိုအပ်တဲ့ ပစ္စည်းများထပ်မံလှူဒါန်းခဲ့သေးတယ်လို့ ဆိုပါတယ်။


“တောင်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ Glove (50) Boxes ၊ Boot Cover (500) ၊ Digital BP Cuff (5) ။ Thermometer (10)ခု ၊ Boot (20)ရံ ၊ Pulse Oximeter (10)၊ Hand Spray (300) ၊ Hand sanitizer (100) ၊ Surgical gown (500) ၊ Surgical Mask (100) Boxes တို့အားခေတ်သစ်ဖောင်ဒေးရှင်းမှ လှူဒါန်းပေးခဲ့ပါသည်” ဆိုပြီး ဆက်လက်ပြောထားပါတယ်။


Photo : လင်းလင်း

ချစ်သူဝေဟာ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ ကိုဗစ်ကာလမှ အလှူအတန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတာတွေ့ရပါတယ်။ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံကြီးတွေ၊ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတဲ့ နေရာ ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းဟာ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေသလို ကလေးတွေရဲ့ ပညာရေးအတွက်ပါ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ အခုလိုကိုဗစ်ကာလမှာတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက်လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီကူညီနိုင်အောင် ဆောင်ရွက်နေတာလည်းတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က