မတ္တရာမြို့နယ် ရွေးစု ကျေးရွာမှာ ရှိတဲ့ ကျောက်အိုးစေတီတော်ကြီး ပြုပြင်မွမ်းမံဖို့ အတွက်ပါ။
Sabal Thwin

အံမင်းညိုကတော့ လက်ရှိ ကြော်ငြာရိုက်ကူးရေးကနေ ရရှိလာမယ့် အနုပညာကြေးအားလုံးကို ကုသိုလ်အလှူပြုသွားမယ် လို့ ဆိုပါတယ်။ 

အံ့မင်းညိုကတော့ မတ္တရာမြို့နယ် ရွေးစု ကျေးရွာမှာ ရှိတဲ့ ကျောက်အိုးစေတီတော်ကြီး ပြုပြင်မွမ်းမံဖို့ အတွက် လက်ရှိ ကြော်ငြာရိုက်ကူးရေးကနေ ရရှိလာမယ့် အနုပညာကြေးတွေကို အကုန်လှူမယ်လို့ သူက ဆိုပါတယ်။ 

“မတ္တရာမြို့နယ်၊ ရွေးစုကျေးရွာမှာရှိတဲ့ ကျောက်အိုးစေတီတော်အတွက် ကိုယ့် အနုပညာ အလုပ်တွေ အားတဲ့ အချိန်မှာ ဘုရား သန့်ရှင်းရေးတွေ လုပ်နေတယ်။ ပြီးတော့ စေတီတော် ရင်ပြင်မှာ လိုအပ်နေတဲ့ ကြွေပြားတွေကို ပိုက်ဆံ ပိုရင် ပို သလို ကြွေပြားတွေ ခင်းပြီး ကုသိုလ်ယူမယ်။ လက်ရှိမှာတော့ ကျွန်တော်က ကြော်ငြာလေး တစ်ခုကို မတ္တရာမြို့မှာ ရိုက်မယ်။ အဲဒီက ရတဲ့ ကြော်ငြာခ အကုန်လုံးကို ကျောက်အိုးစေတီတော် ပြုပြင်တဲ့ အထဲကို ကျွန်တော့်ရဲ့ အနုပညာကြေး အကုန်လုံး ထည့်မှာပါ” ဆိုပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့ နေ့လယ်(၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာ ဖြစ်ပါတယ်။  

Photo: Ent Min Nyo

အံ့မင်းညိုဟာ စေတီတော် ပြုပြင်မွမ်းမံဖို့ အတွက်သာမကရုပ်ရှင်ရိုက်ကူူးရေးတွေ နားတဲ့အချိန်မှာ စေတီတော် အနီးပတ်ဝန်းကျင်မှာရှိတဲ့ လမ်း၊ တံတားတွေကိုလည်း ပြုပြင်တည်ဆောက်ပေးလျှက်ရှိတယ်လို့ သူက ဆိုပါတယ်။ 

“ ဒီစေတီမှာ သီတင်းသုံးနေတဲ့ ဥူးဇင်းတစ်ပါးက ဆွမ်းခံကြွရင် ရေထဲကနေ ဖြတ်လာရတာဖြစ်လို့ ချော်လဲတဲ့ အခါကျရင် ဘုန်းဘုန်းက အမြဲတမ်း ဆွမ်းမစားလိုက်ရတာတွေ များတယ်။ ဒါကြောင့် အခုဆိုရင် ကျွန်တော်နဲ့ သူငယ်ချင်းတွေက တံတား ထိုးပေးပြီးပါပြီ။ စေတီတော် ဝန်းကျင်မှာ လမ်းမရှိသေးတဲ့ အတွက် လမ်းခင်းပေးဦးမှာပါ။ ဘုရားစေတီတော်ကြီးကို ပြုပြင်ပြီးသွားရင် စေတီတော်လေး တစ်ဆူကိုလည်း ထပ်မံ ပြုပြင် မွှန်းမံသွားဖို့ ကြိုးစားမှာပါ။ တတ်နိုင်သလောက် ဆောင်ရွက်ခွင့်ရတဲ့ ပရဟိတပေါ့ခင်ဗျာ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Ent Min Nyo

အံ့မင်းညိုကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ သိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ သမီးလေးရဲ့ ကျန်းမာရေး အခြေအနေကြောင့် အနုပညာအလုပ်တွေကို ခဏတာ ရပ်နားခဲ့ရာမှ ၂၀၁၉ ခုနှစ်က စပြီး သရုပ်ဆောင် အလုပ်ကို ပြန်လည် လုပ်ကိုင် လာတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ကြော်ငြာရိုက်ကူးရေးတွေ အနည်းငယ် ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က