ပရိသတ် သိထားသလို မျက်စိမကွယ်ပါဘူး။

သရုပ်ဆောင် ခင်လေးနွယ်ကတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ မျက်စိကွယ်ပြီဆိုတဲ့ သတင်းတွေအပေါ် အခုလို ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။ 

Photo: Khin Lay Nwe



ခင်လေးနွယ်ကတော့ သူမရဲ့ ခင်ပွန်းကို မျက်စိကွယ်သွားပြီဆိုတဲ့ သတင်းအမှားတွေအပေါ် အခုလို သက်သေ ပြခဲ့ပါတယ်။ ဒီနေ့ (အောက်တိုဘာလ ၅ ရက်) ဟာ သူတို့ နှစ်ဦးအတွက် ချစ်သူ သက်တမ်း နှစ်ပတ်လည်နေ့လည်း ဆိုလည်း မမှားပါဘူး။ 

 “ Anniversary မှာ ဟင်းချက်ကျွေးနေသော ယောက်ျား။ မျက်စိလည်း မြင်ပါတယ်ရှင့်။ ဒီနေ့တော့ ဝက်သားနဲ့ အာလူးချက်မယ်။ ကျောက်ဖရုံသီးနဲ့ ကြက်သားနဲ့ ဟင်းချို ချက်တယ်ပေါ့။ ကျွန်းမှာဆိုတော့ ဒီလိုပဲ ချက်စားရတယ်” ဆိုပြီးတော့ အောက်တိုဘာလ (၅) ရက်နေ့ နေ့လယ်(၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာဖြစ်ပါတယ်။ 

Photo: Aung Ko

ဒီနေ့ (အောက်တိုဘာလ ၅ ရက်) မနက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်စိတ်ဝင်စားမှု ရရှိထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ သရုပ်ဆောင် ခင်လေးနွယ်ရဲ့ ခင်ပွန်း မျက်စိကွယ်သွားပြီဆိုတဲ့ သတင်းတွေတင်ခဲ့တာ ဖြစ်ပြီး သူ့ကို သတင်းလာပေးထားတဲ့ Screen Short တွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။ အဲဒီသတင်းဟာ ပရိသတ်တွေကြားထဲ အချိန်ခဏလေးအတွင်းရောက်ရှိသွားပြီးတဲ့ နောက်မှာတော့ ခင်လေးနွယ်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း စိတ်ပူနေကြပြီး ထိုသတင်းအပေါ် မှန်ခြင်းမှားခြင်း ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ ဝေဖန်မှုတွေ ပြင်းထန်ပြီးနောက်မှာတော့ ခင်လေးနွယ်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ခင်ပွန်းဖြစ်သူနဲ့ အတူ Live လွှင့်ခဲ့တာ ဖြစ်ပါတယ်။


Photo: Khin Lay Nwe

ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှု နားထားပြီး သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။ ဖက်ရှင်ဆိုင်နာမည်ကတော့ KAY Fashion & Fabric House ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုအချိန်ထိ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က