ငွေကျပ်(၉)သိန်း လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

နန်းဆုဦးကတော့ သူမနဲ့ အတူ သူမကို ချစ်တဲ့ ပရိသတ်တွေ စုပေါင်းပြီး မွေးနေ့ ကုသိုလ်ယူခဲ့တာကို တွေ့ရပါတယ်။ 

Photo: Nan Su Oo



သရုပ်ဆောင် နန်းဆုဦးရဲ့ မွေးနေ့ကတော့ အောက်တိုဘာလ(၅) ရက်နေ့မှာ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ကို နာရေးကူညီမှု အသင်းမှာ ကုသိုလ်အလှူအဖြစ် ငွေကျပ်(၉) သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

" နန်းဆုဦး ကောင်းမှုတော် (၅.၁၀.၂၀၂၀) တနင်္လာနေ့၊ ရုပ်ရှင်သရုပ်ဆောင် နန်းဆုဦး မွေးနေ့ အလှူနန်းဆုဦးနှင့်နန်းဆုဦးကို ချစ်ကြသူများ "မွန်မြတ်အလှူ"အလှူငွေ - ၉၀၀,၀၀၀/- (ကိုးသိန်းကျပ်တိတိ)အလှူရှင်မိသားစုများ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေ။ စီးပွားဥစ္စာများလည်း ဒီရေအလား တိုးတက်နိုင်ကြပါစေ။ ကပ်ရောဂါဘေးမှ အမြန်ဆုံးကျော်လွှားနိုင်ကြပါစေ" ဆိုပြီးတော့ ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းက ရေးသားခဲ့တာ တွေ့ရပါတယ်။ 

Photo: Nan Su Oo

နန်းဆုဦးကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကို ပိုရိုက်ကူးခဲ့ရသူဖြစ်ပါတယ်။ အဲဒီနောက် ရုပ်ရှင်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရသူပါ။ သူမရဲ့ အနုပညာသက်တမ်းကတော့ ၅ နှစ်ကျော် ၆ နှစ် ရှိပြီဖြစ်ပါတယ်။ 

Photo: Nan Su Oo

သူပါဝင်သရုပ်ဆောင်ထားတဲ့ ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီး၊ ၃/က ရုပ်ရှင်ကားကြီးတွေကလည်း Covid ကာလမတိုင်ခင်က ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း Covid ကာလကြောင့် အနုပညာအလုပ်တွေ နားထားသလို ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်သွားအောင် သူမရဲ့ အလှဓာတ်ပုံလေးတွေကိုလည်း ဖေ့စ်ဘွတ်စာမျက်နှာမှာ အမြဲ မပြတ် တင်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က