ညနေ ထမင်းခွံ့ချိန်တွေဆို သတိရတယ်လို့ဆိုပါတယ်။
Sabal Thwin

မို့မို့မြင့်အောင်ကတော့ မိခင်ကို သတိရတဲ့ စိတ်တွေ ထိန်းကာ ကုသိုလ်ရဖို့အတွက် အမျှပေးဝေခဲ့ပြီလို့ စိတ်မကောင်းစွာ ပြောပြလာပါတယ်။ 

သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ မိခင်ကြီး ဒေါ်သန်းရင် ကတော့ အောက်တိုဘာလ (၁) ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။ ဒီနေ့မှာ ( အောက်တိုဘာလ ၆ ရက်) မိခင်ကြီးအတွက် ရက်လည် ဆွမ်းကျွေး ကုသိုလ်ပြုပေးရင်း မိခင်ကြီးကို သတိရကြောင်း ဝမ်းနည်းကြေကွဲစာ ပြောပြလို့ထားတာ တွေ့ရပါတယ်။

" ယနေ့ မွေးမိခင်ကြီး ဒေါ်သန်းရင် ရဲ့ ရက်လည် ဆွမ်းကျွေးလေးပါ။ ရင်ထဲက အူတွေ အသဲတွေ ဆွဲထုတ်သလိုခံစားရပါတယ်။ ရင်ဘတ် ကိုဟာနေတာပဲ ညနေ ထမင်းခွံ့ချိန်ဆို ယောင်တောင်တောင်နဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်ရဦးမယ်။ ဘယ်လိုပဲခံစား ခံစားရပါ စေ ဆွမ်းကပ်ပြီး အမျှဝေတော့ မာမီထံ ရောက်အောင် အာရုံပြုပြီး အမျှဝေခဲ့ပါတယ်။ စိတ်မကောင်းဖြစ်ရတာက Lockdown အချိန်ဖြစ်နေတော့ ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းတွေလည်း မလာနိုင် အလှူပြုရ အားမရလှပါဘူး" ဆိုပြီးတော့ အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၂ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Moht Moht Myint Aung

မို့မို့မြင့်အောင်ရဲ့ ပရိသတ်တွေကလည်း မို့မို့မြင့်အောင်ရဲ့ မိခင်အတွက် စစ်ကိုင်းတောင်ရိုးအနီးက မာဃာ့ချောင် သီလရှင်ကျောင်းတိုက်မှာ ကုသိုလ်အလှူတွေ ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် မို့မို့မြင့်အောင်ကလည်း သူမကိုယ်တိုင်ချစ်ရတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုခဲ့ပါသေးတယ်။ 

"တစ်ချိန်ထဲမှာပဲ Mandalay We Love MMMA သားသမီးတွေ သဲသဲတုန်လေးတွေ (သား ပြည့်ဖြိုးသန့်စင် ဦီးဆောင်ပြီး) စစ်ကိုင်းတောင်ရိုး ဝါးချက်ရွာအနီး မာဃာ့ချောင် သီလရှင်ကျောင်းမှာ သီလရှင် အပါး (၁၂၀ )ကို ဆွမ်းကပ်တာတွေ့လိုက်ရပါတယ်။ ဝမ်းနည်း ဝမ်းသာဖြစ်ရပါတယ်။ Mandalay We Love သဲသဲတုန်လေးတွေကို ကျေးဇူးတင်ပါတယ် ၊ အားလည်းတကယ်ရှိပါတယ် ၊ သာဓု သာဓု သာဓု ခေါ်ပါတယ်" လို့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။ 

အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ မိခင်ကြီးကတော့ အသက်(၉၉) နှစ်ရှိပြီဖြစ်ပါတယ်။ စက်တင်ဘာလ (၃၀) ရက်နေ့က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး အောက်တိုဘာလ (၁) ရက်နေ့မှာတော့ မိသားစုဝင်တွေစုပြီး ရေဝေးသုဿာန်မှာ ဈာပန ပွဲ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ မို့မို့မြင့်အောင်ရဲ့ မိခင် ကွယ်လွန်သွားခဲ့တာကြောင့် အနုပညာမောင်နှမတွေ၊ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။  

Photo: Moht Moht Myint Aung

မို့မို့မြင့်အောင်(Moht Moht Myint Aung)ဟာ လက်ရှိမှာ MRTV-4 ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေကြတဲ့ အနုပညာရှင်တော်တော်များများကို ကာရိုက်တာနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးနေရသူ တစ်ဦးဖြစ်ပါတယ်။ သူမဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က