သူမနဲ့ ပရိသတ်များရဲ့ အလှူပါတဲ့။

နီနီခင်ဇော်ကတော့ သူမနဲ့ ပရိသတ်တွေရဲ့ စုပေါင်း အလှူအဖြစ် ဧရာဝတီ Quarantine Center မှာ ကုသိုလ်အလှူပြုခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Ni Ni Khin Zaw



နီနီခင်ဇော်ကတော့ ဧရာဝတီ Quarantine Center မှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေမှာ အသုံးပြုနိုင်ဖို့အတွက် ငွေကျပ်(၁၀) သိန်းလှူခဲ့တယ်လို့ သိရပါတယ်။ သူမကိုယ်တိုင်ကလည်း ဆရာဝန်ဘွဲ့ရရှိထားသူ ဖြစ်သလို ကျန်းမာရေး ဝန်ထမ်းတိုင်းကိုလည်း လေးစားတယ်လို့ သူက ဆိုပါတယ်။ 

" နီနီအကို မွေးနေ့အမှတ်တရ မိသားစုနှင့် ပရိသတ်များအလှူအဖြစ် ဧရာဝတီ foundation Quarantine Center အတွက် အလှူငွေ (၁၀)သိန်းကျပ် သွားရောက်လှူဒါန်းခဲ့ပါတယ်။ COVID 19 ကပ်ဆိုးကာလမှာ ပြည်သူတွေအတွက် ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ အသင်းအဖွဲ့ Volunteers များအားလုံးကို ကျေးဇူးတင်လေးစားလျှက်။ တဖက်တလမ်းမှပါဝင်ခွင့်ရတဲ့အတွက် ပရိသတ်များနှင့်အတူဝမ်းသာပါတယ်" ဆိုပြီးတော့ အောက်တိုဘာလ (၆) ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Ni Ni Khin Zaw

နီနီခင်ဇော်ဟာ သြဂုတ်လ (၃၁) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အသက်(၂၉) နှစ်ပြည့် မွေးနေ့ အလှူလေးကို ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာမှာ အလှူအတန်းတွေလုပ်ရင်း တစ်နေ့တာကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ မွေးနေ့ အမှတ်တရလေးအဖြစ် "HOPE" ဆိုတဲ့သီချင်းလေးကို သူမရဲ့ Ni Ni Khin Zaw Youtube Channel မှာ ပရိသတ်တွေနားထောင်လို့ရအောင် မိတ်ဆက်ပေးထားတယ်လို့သိရပါတယ်။ ဒီသီချင်းဟာ နီနီခင်ဇော်အတွက် ဘဝဖြတ်သန်းမှုတွေအကြောင်းကို ထည့်သွင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြောပြခဲ့ဖူးပါတယ်။ 

Photo: Ni Ni Khin Zaw

နီနီခင်ဇော်ဟာ ၂၀၂၀ ခုနှစ် သြဂုတ်လ(၁၃) ရက်နေ့မှာ ဂီတသက်တမ်း (၁၂) နှစ်ပြည့်ခဲ့ပါပြီ။ သူမကတော့ Melody World 2008 ခုနှစ် သီချင်းဆို ပြိုင်ပွဲကနေ တဆင့် မြန်မာပြည်ရဲ့ဂီတလောကတွင် ထင်ရှားလာပြီး နိုင်ငံတကာထိ ထင်ရှားကျော်ကြားသော ဂီတပညာရှင် တစ်ဦးအဖြစ် Best in Music ဆိုတဲ့ ခေါင်းစဉ်အောက်က Myanmar’s Pride Award 2019 ဆုကိုလည်း နီနီခင်ဇော်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမဟာ ဂီတနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ ရရှိထားတဲ့ ဆုတွေနဲ့ ပြည်ပက ချီးမြှင့်ထားတဲ့ ဆုတွေ အပါအဝင် ဆု စုစုပေါင်း (၁၃) ဆု ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က