သက်မွန်က သမီးလေးအကြောင်း ပြောပြထားတာပါ။

သက်မွန်မြင့်ကတော့ သူမအပေါ် ဂရုစိုက်လွန်းတဲ့ သမီးလေးရဲ့ အကြောင်းတွေ အခုလို ပြောပြလာပါတယ်။ 

Photo: Thet Mon Myint



သရုပ်ဆောင် သက်မွန်မြင့်က လက်ရှိမှာ သားတစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ သားနဲ့ သမီးအကြောင်းတွေကိုလည်း မကြာခဏ ပရိသတ်တွေကို ပြောပြတတ်တာလည်းတွေ့ရပါတယ်။ အခုဆိုရင်လည်း အသက်(၃) နှစ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ သမီးလေး လဝန်းရဲ့ သိတတ်လိမ္မာလွန်းတဲ့ အကြောင်းတွေကို သက်မွန်မြင့်က ဒီနေ့မှာ ပြောပြထားပါတယ်။

" ကိုယ့်မှာ စိတ်မာ၊ အကြောမာ၊ အမေကို အရမ်းချစ်တဲ့ သမီးလေးရှိတာ ကံကောင်းမှုထဲက တစ်ခုပါပဲ။ နေတွေမကောင်း စိတ်ကျပြီး ဝမ်းနည်းလို့ မျက်ရည်ကျချိန် မေမေ ဘာလို့ငိုတာလဲ။ သမီး ဘာလုပ်ပေးရမလဲနဲ့ တစ်ရှုးပြေးယူပြီး သုတ်သုတ်ပေးတာ.. အာဘွားတွေ ပေးတာ..သူတို့လေးတွေနဲ့ ရှင်သန်ရတယ်။သူတို့ဘဝလေးတွေ လှပဖို့ အမေတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ ကျေပွန်ဖို့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြုစုပျိုးထောင်ပေးရဦးမယ်။ ကပ်ကြီး မြန်မြန်ပြီးပါစေ၊ ကမ္ဘာကြီး မြန်မြန် ကျန်းမာပါစေ" ဆိုပြီးတော့ အောက်တိုဘာလ (၇) ရက်နေ့ နေ့လယ် ၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 


Photo: Thet Mon Myint

သက်မွန်မြင့်က လက်ရှိမှာတော့ COVID-19 ကူးစက်ရောဂါကြောင့် ရိုက်ကူးရေးတွေ ရပ်နားလိုက်ရတဲ့ အချိန်မှာ သူမရဲ့ သားနဲ့ သမီးကို ပိုပြီး အချိန်ပေးဖြစ်နေသလို ကလေးတွေကို အရင်ကထက် ပိုပြီး နားလည်လာတယ်လို့ သူက ဆိုပါတယ်။

" သူတို့ကို အရင်ကထက် အချိန်ပေးရတာ ပိုပြီးများလာတော့ သူတို့ကိုလည်း ပိုပြီးတော့ နားလည်လာတယ်။ မိဘနဲ့ ကလေးနဲ့ ပိုပြီးတော့ ထိတွေ့မှုရှိတဲ့အခါကျတော့ သူတို့ရဲ့ ခံစားချက်တွေ၊ လိုအပ်ချက်တွေ၊ ကိုယ်ဖြစ်စေချင်တဲ့ အရာတွေကို အများကြီး ပုံသွင်းလို့လည်းရတယ်၊ သင်ပေးလို့လည်းရတယ်၊ ပြောပြလို့လည်း ရတယ်ဆိုတော့ သူတို့ အများကြီး တိုးတက်လာတယ်ပေါ့နော်။ သက်မွန်က အလုပ်ရှိရင် အိမ်မှာ သိပ်မနေရဘူးလေ။ မနက် (၇) နာရီလောက်ကနေ ည (၇) နာရီလောက်အထိက အိမ်မှာ မနေရဘူး။ အခုတော့ အိမ်မှာပဲ ကလေးတွေနဲ့ နေပြီး ချစ်လိုက်၊ ရန်ဖြစ်လိုက်၊ စိတ်ကောက်လိုက်နဲ့ ပြီးရော " ဆိုပြီးတော့ စက်တင်ဘာလ(၂၇) ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ 

Photo: Thet Mon Myint

သက်မွန်မြင့်ဟာ အနုပညာလောကထဲကို အသက်(၁၈) နှစ်ကတည်းက ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ သူမက VCD သီချင်းတွေမှာ စတင် သရုပ်ဆောင်ရင်း ပရိသတ်တွေ အားပေးမှု ရရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။လက်ရှိမှာ သာယာတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းတဲ့ သားတစ်ယောက်နဲ့သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ အကယ်ဒမီ မင်းသမီးချောလေး တစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က