သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကိုလည်း ပြောပြထားပါသေးတယ်။

နီနီခင်ဇော်ကတော့ နောက်ထပ် ထွက်ရှိလာမယ့် သီချင်းတွေ အတွက် ကိုယ်ပိုင်သီချင်းများကို ဖန်တီးရေးသားနိုင်မယ့် တေးရေးဆရာ အသစ်တွေ ခေါ်ယူနေတာ တွေ့ရပါတယ်။ 

Photo: Ni Ni Khin Zaw



နီနီခင်ဇော်ကတော့ ဂီတလောကထဲမှာ ထိပ်တန်းစာရင်းဝင် အမျိုးသမီး အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူမအနေနဲ့ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားသူ ဖြစ်ပြီး နောက်ထပ် အသစ် ထွက်ရှိလာမယ့် သီချင်းတွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဖန်တီးရေးသားနိုင်မယ့် သီချင်းရေးဆရာအသစ်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

" တေးရေးအသစ်များ နှင့် လက်တွဲလုပ်ကိုင်လို၍ခေါ်ယူခြင်း။ Ni Ni 's Team မှ နီနီရဲ့ အသစ်ထွက်ရှိမယ့် သီချင်းခွေတွင် လက်ရှိလက်တွဲလုပ်ကိုင်နေသောတေးရေးဆရာသမားများ၊ နီနီကိုယ်တိုင်ရေးသားသော သီချင်းများအပြင်၊ အသစ်သစ်သော ဖန်တီးမှုများဆက်လက်လုပ်ကိုင်လိုပါ၍ Own Tune ဖန်တီးရေးသား/ဂီတထုတ်လုပ်သူ (composer/music producer) အနုပညာရှင်အသစ်များ ခေါ်ယူနေပါတယ်။ နီနီ့အတွက်ကိုယ်တိုင်ဖန်တီးရေးသားထားသော Own Tune မည်သည့် သီချင်း ဂီတ အမျိုးအစားကိုမဆို ပေးပို့နိုင်ပါတယ်" ဆိုပြီးတော့ အောက်တိုဘာလ (၇) ရက်နေ့ ည (၇) နာရီက သူ့ရဲ့ Facebook Page မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

Photo: Amazing Grace

နီနီခင်ဇော်ဆီသို့ ပေးပို့ရမယ့် သီချင်းတွေနဲ့ ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်လေးတွေကိုလည်း အခုလို ရေးသားထားပါသေးတယ်။ သူမဆီကို ပေးပို့လာမယ့် သီချင်းတွေထဲကမှ ရွေးချယ်ခံရတဲ့ သီချင်းတွေကိုလည်း ထိုက်သင့်တဲ့ အနုပညာကြေးတွေ ပေးအပ်သွားမယ်လို့ ဆက်လက် ကြေညာထားပါသေးတယ်။  

" သီချင်းသည် အခြားတစ်တစ်ယောက်၏ တီထွင်ဖန်တီးထားသည့် အနုပညာများ/ သံစဉ်များ ( ပြည်တွင်း/ ပြည်ပ) ကိုမျှ တုပရေးသားထားခြင်းမပြုရ၊ အခြားသော အနုပညာရှင်များ အား မေတ္တာဖြင့်သော်လည်းကောင်း၊ အခကြေးငွေ ဖြင့်သော်လည်းကောင်း ရောင်းချထားပြီးသော တေးသီချင်းမဖြစ်ရ၊ လူတစ်ဦးတစ်ယောက်အား ပုတ်ခတ်ရေးသားခြင်း (သို့မဟုတ်) ထိခိုက်စေနိုင် သည့်အရေးအသားမဖြစ်ရ၊ သီချင်း၏ သင့်တော်သောတစိတ်တပိုင်း အား Ni Ni's Team မှဝယ်ယူခဲ့သည်ရှိသော် ပူးပေါင်းရေးသားခြင်း သို့မဟုတ် တစိတ်တပိုင်းရောင်းချခြင်းအားခွင့်ပြုနိုင်ရမည်၊

ရွေးချယ်ခံရသော တေးသီချင်းများကို Reddy Record Label ၏ သဘောတူညီမှုစာချုပ်ဖြင့် ညှိုနှိုင်းလုပ်ကိုင်နိုင်ရမည်။ ရွေးချယ်ခံရသော တေးသီချင်း ဖန်တီးရေးသား / ထုတ်လုပ်သူများအား ထိုက်သင့်သော အနုပညာကြေးနှင့် သတ်မှတ်ထားသောတေးသီချင်း အသုံးပြုခများ ပေးချေ၍ ဝယ်ယူဆောင်ရွက်ပါမည်" လို့လည်း သူက ဆိုပါတယ်။ 

Photo: Ni Ni Khin Zaw

တေးရေးဆရာများ အနေနဲ့ ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းတွေကို ပေးပို့နိုင်ဖို့အတွက် helloninikhinzaw@gmail.com၊ +959445738535 Viber ၊ https://forms.gle/gtpdWaM9XzAR7jFL6 စသည်ကနေ တဆင့် Mp3 File ၊ Wav File တို့အပြင် သီချင်းရေးသားသူရဲ့ အမည်၊ ဖုန်းနံပတ် တို့ကိုလည်း အတူတွဲ ပေးပို့ရမှာ ဖြစ်တယ်လို့ နီနီခင်ဇော်က ရေးသားထားပါသေးတယ်။ သီချင်းတွေကိုတော့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့ကနေ နိုဝင်ဘာလ(၁၂) ရက်နေ့ ညနေ(၅) နာရီအထိ နောက်ဆုံးထား ပေးပို့ရမှာပါ။ ရွေးချယ် ခံရတဲ့ သီချင်းတွေကို နိုဝင်ဘာလ (၁၃) ရက်နေ့မှာထုတ်ပြန်ကြေညာသွားမယ်လို့လည်း သိရပါတယ်။

Photo: Amazing Grace

နီနီခင်ဇော်ဟာ ၂၀၂၀ ခုနှစ် သြဂုတ်လ(၁၃) ရက်နေ့မှာ ဂီတသက်တမ်း (၁၂) နှစ်ပြည့်ခဲ့ပါပြီ။ သူမကတော့ Melody World 2008 ခုနှစ် သီချင်းဆို ပြိုင်ပွဲကနေ တဆင့် မြန်မာပြည်ရဲ့ဂီတလောကတွင် ထင်ရှားလာပြီး နိုင်ငံတကာထိ ထင်ရှားကျော်ကြားသော ဂီတပညာရှင် တစ်ဦးအဖြစ် Best in Music ဆိုတဲ့ ခေါင်းစဉ်အောက်က Myanmar’s Pride Award 2019 ဆုကိုလည်း နီနီခင်ဇော်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမဟာ ဂီတနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ ရရှိထားတဲ့ ဆုတွေနဲ့ ပြည်ပက ချီးမြှင့်ထားတဲ့ ဆုတွေ အပါအဝင် ဆု စုစုပေါင်း (၁၃) ဆု ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က