အောက်တိုဘာလ (၈) ရက်နေ့ကတော့ သူမရဲ့ မွေးနေ့ဖြစ်ပါတယ်။

ပြည့်ဖူးခိုင်ကတော့ ဒီနေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့လေးကို Covid ကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်နေကြသူတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းပြီး ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်။ 

Photo: EXPOSURE



အောက်တိုဘာလ(၈) ရက်နေ့ကတော့ သရုပ်ဆောင် ပြည့်ဖူးခိုင်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ မွေးနေ့မှာ သူမက မြောက်ဥက္ကလာ Covid Center မှာ တာဝန်ကျတဲ့ Volunteer တွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းမယ်လို့ ဆိုပါတယ်။ 

“ ဒီနေ့ မွေးနေ့မှာ အလှူတွေ လုပ်ပါမယ်။ အလှူက မြောက်ဥက္ကလာ Covid Center မှာ တာဝန်ကျတဲ့ Volunteer တွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ အယောက်(၂၅၀) ကို ဒီနေ့မှာ နေ့လယ်စာနဲ့ ဒါနပြုမှာပါ။ ပြီးတော့ လက်သန့်ဆေးရည် ဗူး(၃၀၀) ရယ်၊ ရေသန့်ဗူး (၃၀၀) ၊ပေါက်ပေါက်ဆုပ် အထုတ်(၂၅၀) ကိုလည်း လှူပြီးတော့ ကုသိုလ်ယူမှာပါ။ ပြီးတော့ ပြည့်ဖူးက ဝါ စဝင်ကတည်းက သက်သက်လွတ်စားလာခဲ့တာ။ ဒီနေ့ က မွေးနေ့ရော၊ မွေးရက်ရော တိုက်ဆိုင်တယ်။ အမှတ်တရလည်းဖြစ်တယ်။ မွေးနေ့ ဆုတောင်းပေးကြတာကိုလည်း အရမ်းပျော်တယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ပြည့်ဖူးရဲ့ အလှူလေးကိုလည်း သာဓုခေါ်ပေးကြပါနော်" ဆိုပြီးတော့ အောက်တိုဘာလ (၈) ရက်နေ့ မနက် (၉) နာရီခွဲကျော်က သူမရဲ့ ဖေ့စ်ဘွတ် အကောင့်မှာ Live လွှင့်ရင်း ပြောခဲ့တာဖြစ်ပါတယ်။ 

Photo: Pyae Phoo Khing

ပြည့်ဖူးခိုင်ဟာ ပညာရေးကိုဦးစားပေးခဲ့တာကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာ တွေ့ရပါတယ်။ အခုဆိုရင်တော့ သူမဟာ ဥပဒေဘွဲ့ကို ရရှိခဲ့ပြီး စီနီယာ ဆရာတွေနဲ့ အတူ တရားခွင်တွေမှာ လိုက်လေ့လာနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် သူမရဲ့ အနုပညာဝါသနာကို မစွန့်လွှတ်နိုင်သေးတာကြောင့် တီဗီကြော်ငြာလေးတွေသာ ရိုက်ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ ဇာတ်ကားရိုက်ကူးရေးတွေနဲ့ ပတ်သက်ပြီး ပရိသတ်လည်း လက်ခံနိုင်မယ့် ဇာတ်ရုပ်မျိုး၊ သူမကိုယ်တိုင် စိတ်ကြိုက်ဖြစ်မယ့် ဇာတ်ရုပ်မျိုး ကမ်းလှမ်းလာခဲ့ရင် လက်ခံရိုက်ကူးသွားမယ်လို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
 

Photo: Pyae Phoo Khing

ပြည့်ဖူးခိုင်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာပါ။ အဲဒီနောက် ဂီတနဲ့ ပတ်သက်ပြီး သီချင်းလေးတွေလည်း သီဆိုခဲ့သလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပြီး ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။စွယ်စုံရအနပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမကတော့ အနပညာအလုပ်တွေကနေရပ်နားထားပေမယ့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေသူလေးပဲ ဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က