ပရဟိတအသင်းလည်း မထောင်ထားပါဘူး။

ကိုပေါက်ကတော့ သူ့ရဲ့ နာမည်ကိုသုံးပြီး ပရဟိတလုပ်သယောင်ယောင် အလှူလိုက်ခံနေကြတာတွေရှိတဲ့အကြောင်း ပြောလာပါတယ်။ 

Photo: Ko Pauk



ဒါရိုက်တာ ကိုပေါက်ကတော့ ကိုဗစ်ကာလမှာ သူ့ရဲ့ နာမည်ကိုပြောပြီး အလှူလိုက်ခံနေတာတွေရှိနေတယ်လို့ ဆိုလာပါတယ်။ ဒါကြောင့် သူချစ်ခင်ရတဲ့ ပရိသတ်တွေ၊ မိတ်ဆွေတွေ အလိမ်မခံရအောင် ကိုပေါက်က အခုလို ဖြေရှင်းခဲ့ပါတယ်။ 

" ကိုပေါက် အလှူမခံပါ။ ကိုပေါက်နာမည်နဲ့ဘာပရဟိတအသင်းမှလည်းထောင် မထားပါဘူး။

အကြောင်းအရာအပြည့်အစုံကတော့ ကျွန်တော့်နာမည်ကိုပြောပြီး ဒါရိုက်တာကိုပေါက် ရဲ့အဖွဲ့ကဆိုပြီး ပရဟိတ လုပ်ဖို့ အလှူလိုက်ခံနေတယ်လို့ကြားပါတယ်။ အလှူခံပြီး ပြန်လှူနေတယ်လို့ ကောလဟာလတွေဖြစ်နေ တဲ့အတွက် ကျွန်တော့်ဆီကိုဖုန်းဆက်ပြီးပိုက်ဆံချေးတာတွေ၊ အလှူခံတာတွေ ဒီရက်ပိုင်း ဖြစ်နေပါတယ်" ဆိုပြီးတော့ အောက်တိုဘာလ (၇) ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 


Photo: Ko Pauk ( Offical Acc & Offical Page)

ကိုပေါက်ဟာ Covid ကာလမှာ အခုလို လိမ်လည်လုပ်စားနေကြတာတွေကိုသိရလို့ စိတ်မကောင်းဖြစ်လို့နေပါတယ်။ သူကိုယ်တိုင်ကလည်း ပရဟိတအသင်းဆိုတာထက် အနုပညာလောကသားတွေထဲက ခင်မင်ရင်းနှီးသူတွေကို တတ်နိုင်သလောက် အလှူအတန်းတွေသာ လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ 

" ခေတ်အခြေအနေအပေါ်လုပ်စားနေကြသည့် မသမာသူများရှိနေပါ၍ ဂရုစိုက်ကြဖို့ အသိပေးပါသည်။ ကျွန်တော့်အနေနဲ့ တစ်နိုင်တစ်ပိုင် ပရဟိတ လုပ်ပါတယ်။ ကိုယ့်လက်အောက်ငယ်သား စက်အဖွဲ့တွေကို ဆန်၊ ဆီ လှူဒါန်းခြင်း၊ ကိုယ့်ပတ်ဝန်းကျင်က အခြေခံလူတန်းစားတွေအတွက် ထမင်းနဲ့ဟင်း၊ မုန့်ဟင်းခါး စတုဒီသာကျွေးခြင်း၊ ရပ်ကွက်ထဲ ဆန်၊ ဆီ ဝေခြင်းတွေကို အဆင်ပြေရင်ပြေသလို လုပ်ပါတယ်။ ပရဟိတ အသင်းထောင်ပြီး လုံးဝ မလုပ်ပါဘူး။ ကျွန်တော့်နာမည်နဲ့ ငွေကြေး အလှူခံခြင်းလုံးဝ မရှိပါ ကြောင်းသတိပေးအပ်ပါသည်" လို့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Ko Pauk

ကိုပေါက်က ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ သူဟာ ဒါရိုက်တာအဖြစ်နဲ့သာမက သရုပ်ဆောင်အဖြစ်နဲ့ရော၊ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်အနေနဲ့ပါ ဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ကိုပေါက်ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကတော့ သော်ဝန်းကြာဖြူဆိုတဲ့ ထုတ်လုပ်ရေးပါ။ ဒီထုတ်လုပ်ရေးကနေပြီးတော့ ‘’ဆယ်လီ’’ရုပ်ရှင်ဇာတ်ကားကြီးကို ထုတ်လုပ်ပြီး ရုံတင်ပြသခဲ့ပြီးပါပြီ။ နောက်ထပ်ဇာတ်ကားကြီးဖြစ်တဲ့ ‘’အသည်းလေးတွေပေးပါ’’ ဇာတ်ကားကိုတော့ ရိုက်ကူးခဲ့ပြီးဖြစ်ပြီး ရုံမတင်ရသေးပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က