၅ သောင်းကနေ ၁သိန်းခွဲအထိ လျှောက်ထားနိုင်ပါတယ်။

Covid ကာလမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ စက်မှုလုပ်သားတွေ အတွက် စက်မှု သာရေး၊ နာရေးအသင်းကနေ ပထမဆုံးအကြိမ် ချေးငွေ ထုတ်ချေးသွားမယ်လို့ သိရပါတယ်။ 

Photo: စက်မှု သာရေး၊ နာရေးအသင်း



မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးရဲ့ လက်အောက်မှာရှိတဲ့ အလွှာ(၁၀) လွှာထဲကမှ စက်မှုအလွှာ က အနုပညာလောကသားတွေကို စက်မှု သာရေး၊ နာရေးအသင်းက ချေးငွေ ထုတ်ချေးသွားမယ်လို့ သိရပါတယ်။

ဒီချေးငွေတွေကိုတော့ အသင်းရဲ့ ရန်ပုံငွေထဲကနေ အတိုးမဲ့ ထုတ်ချေးသွားမှာဖြစ်ပြီး (၄)လအကြာမှာ ပြန်ပေးဆပ်ရမှာဖြစ်တယ်လို့ စာရင်းကိုင် ကိုအာနိုးက Duwun ကို ပြောပြခဲ့ပါတယ်။ ထို့အပြင် 

စက်မှုစီစဉ် (ဥက္ကဌ) ဖြစ်သူ ကိုကျော်ညွှန့်ကလည်း မကြာခင်မှာ ချေးငွေ ထုတ်ချေးနိုင်ဖို့အတွက် သက်ဆိုင်ရာ စည်းကမ်းချက်တွေနဲ့ အညီ ထုတ်ချေးသွားဖို့ စီစဉ်နေတဲ့ အကြောင်း ပြောပြလာပါတယ်။ 

“ စက်မှုလုပ်သားတွေကို အရင်က ၅ သောင်း တစ်ခါပေးဖူးတယ်၊ ၃ သောင်းတစ်ခါ ပေးဖူးတယ်။ အနုပညာရှင်တွေကလည်း လှူဒါန်းကြတာတွေ ရှိတော့ နည်းနည်း သက်သာတာပေါ့လေ။ အခု ချေးငွေကတော့ စက်မှုအသင်းအတွက် ပထမဆုံး ချေးငွေ ထုတ်ချေးခြင်းဖြစ်ပါတယ်။ Covid ကြောင့် နားလိုက်ရတာ အခုဆို (၅)လကျော်(၆) လလောက်ရှိပြီ။ အခု ဒုတိယလှိုင်းက အခြေအနေပိုဆိုးတော့ ပိုထိကြတာပေါ့။ ဒါကြောင့် ကိုယ့် စက်မှုလုပ်သားတွေကို ကူညီရတော့မယ်ဆိုတဲ့ အသိ ဝင်လာတဲ့ အတွက် အခုလို ဆောင်ရွက်လိုက်ရခြင်းဖြစ်ပါတယ်။ ချေးငွေ စချေးဖို့ကိုတော့ ဒီရက်ပိုင်းအတွင်းမှာ စချေးဖို့ လုပ်ထားတယ်။ သက်ဆိုင်ရာ ဖောင်တွေ ဘာတွေလည်း စက်မှုသာရေးနာရေး ဥက္ကဌတို့ အတွင်းရေးမှူးတို့မှာ ရှိတယ်" လို့ Duwun ကို ပြောခဲ့ပါတယ်။ 

Photo: စက်မှု သာရေး၊ နာရေးအသင်း

ချေးငွေလျှောက်ထားသူများအနေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တရားဝင်ထုတ်ပေးထားတဲ့  အသင်းဝင်ကဒ် မိတ္တူ၊ အစည်းအရုံးဝင်ကဒ်မိတ္တူ၊မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ တို့အပြင် ရပ်ကွက်ထောက်ခံစာတို့နဲ့အတူချေးငွေလျှောက်ထားရမယ်လို့ သိရပါတယ်။ ချေးငွေလျှောက်ထားသူတွေကို အာမခံပေးမယ့် DOP အနေနဲ့ တစ်ဦးကို (၃) ယောက် အထိသာ အာမခံပေးခွင့်ရှိတယ်လို့ ဆက်လက် ကြေညာခဲ့ပါသေးတယ်။ Covid ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားရတာကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ စက်မှုလုပ်သားတွေကို အသင်းကနေ စားနပ်ရိက္ခာ ထောက်ပံ့မှုများ ပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က