ကိုဗစ်ကာလမှာ ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံဟာ FCPN ပရဟိတအဖွဲ့ကို ဦးဆောင်နေတာဖြစ်ပြီး ကိုဗစ်ပထမလှိုင်းမှာရော၊ ဒုတိယလှိုင်းမှာပါ ပရဟိတအလုပ်တွေကို အဆက်မပြတ် လုပ်ဆောင်နေတာတွေ့ရပါတယ်။ 

Photo: FCPN



ခီဇနီးမောင်နှံ ဦးဆောင်တဲ့ FCPN ပရဟိတအဖွဲ့ ဟာ ကိုဗစ် ပထမလှိုင်းကတည်းက ပရဟိတအလုပ်တွေကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကိုဗစ်ဒုတိယလှိုင်းမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အိမ်ထောင်စုတွေကို အကူအညီပေးနိုင်ဖို့အတွက် Clean Yangon ကနေတဆင့် ငွေကျပ် သိန်း(၄၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။  

" FCPN မှ Clean Yangon သို့ ကျပ်သိန်း(၄၀) ကို တောင်ဒဂုံမြို့နယ် နှင့် မင်္ဂလာဒုံမြို့နယ်အတွင်းနေထိုင်ကြသောအခြေခံပြည်သူများအတွက် COVID-19 second wave ကာလအတွင်း အထောက်အပံ့ဖြစ်စေရန် ပေးအပ်လှူဒါန်းခဲ့ပါသည်။ Clean Yangon အဖွဲ့မှ FCPN စာအိတ်များ (တစ်အိတ်လျှင်ကျပ်တစ်သောင်း) ကို အလိုအပ်ဆုံးနေရာများ၌ ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။ ဖြန့်ဝေပေးနေသောမှတ်တမ်းဓါတ်ပုံများကိုလည်း အားလုံးဝမ်းသာကြည်နူးသာဓုခေါ်နိုင်ရန် FCPN pageတွင် တင်ပြပေးသွားမည်ဖြစ်ပါသည်" ဆိုပြီးတော့လည်း FCPN Facebook Page မှာ အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၆ နာရီခွဲကျော်က ရေးသားခဲ့ပါတယ်။ 

Photo: FCPN

Clean Yangon အဖွဲ့ကိုတော့ FCPN အဖွဲ့ကိုယ်စား သရုပ်ဆောင် ဇဏ်ခီက သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီအလှူနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီကလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ပြန်လည် Share ခဲ့တာ တွေ့ရပါတယ်။ အလှူငွေကျပ်သိန်း(၄၀) ထဲကနေ အိမ်ခြေ (၄၀၀) စာအတွက် ငွေကျပ်(၁) သောင်းစီ လှူဒါန်းဖို့ ရည်ရွယ်တယ်လို့သူက ဆိုပါတယ်။ 

" တောင်ဒဂုံနဲ့ မင်္ဂလာဒုံမြို့နယ်အတွင်း စားဝတ်နေရေးခက်ခဲသူများအား Clean Yangon မှတဆင့် စာအိတ်တစ်အိတ်ငွေတစ်သောင်း နူန်းဖြင့် စာအိတ်(၄၀၀)စာလှူဒါန်းနိုင်ခဲ့ပါတယ်။ ၇ရက်သားသမီးအလှူမို့ သာဓု သုံးကြိမ်ခေါ်ပါတယ်နော်။ အားလုံးဘေးကင်း ကျန်းမာ ချမ်းသာကြပါစေ" ဆိုပြီးတော့လည်း အောက်တိုဘာလ (၈) ရက်နေ့ ည ၆ နာရီခွဲကျော်က သူမရဲ့ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာ ဖြစ်
ပါတယ်။ 

Photo: FCPN

FCPN Program ကိုတော့ ၂၀၂၀ ခုနှစ် မေလ(၈) ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ(၈) ရက်နေ့မှာတော့ (၅) လပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီအစီအစဉ် ကနေ တဆင့် တကယ်လိုအပ်မှုရှိနေတဲ့ နေရာဒေသတွေမှာ လိုအပ်နေတဲ့ သူတွေကို အဖွဲ့သားတွေကိုယ်တိုင်က သွားရောက် လှူဒါန်းလျှက်ရှိတယ်လို့ ဇဏ်ခီက FCPN Page ကနေတဆင့် ဗီဒီယိုဖိုင်လေးနဲ့ ပြောပြထားတာ တွေ့ရပါတယ်။ FCPN ပရဟိတအဖွဲ့သားတွေနဲ့ အတူ ကိုယ်တိုင်ကိုယ်ကျ အလှူအတန်းတွေ လုပ်နေတဲ့ သရုပ်ဆောင်ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ကိုတော့ ' ဥပါယ်တံမျဉ်' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိက သရုပ်ဆောင်၊ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ' မုဒြာရဲ့ ခေါ်သံ' ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ လည်း ပရိသတ်တွေက အားပေးခဲ့ကြပါသေးတယ်။ တတိယမြောက်ဖန်တီးလိုက်တဲ့ ရုပ်ရှင်ကားကြီး ဖြစ်တဲ့' Now & Ever' ရုပ်ရှင်ကားကြီးမှာလည်း ပရိသတ်အားပေးမှုတွေကို ခိုင်ခိုင်မာမာ ရရှိခဲ့ပြန်ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က