အားလုံးရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ခဲ့ပါပြီတဲ့။

Project K အဖွဲ့ကတော့ ကိုရီးယားမှာ သင်ယူခွင့်ရခဲ့တဲ့ အတွေ့အကြုံ တွေနဲ့ Asia Song Festival 2020 ဂီတဖျော်ဖြေပွဲမှာ အကောင်းဆုံးကြိုးစားသွားမယ်လို့ ဆိုပါတယ်။ 

Photo: Project K



ဆယ်ကျော်သက်ပရိသတ်အများစုရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့ကတော့ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Asia Song Festival 2020 ဂီတဖျော်ဖြေပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ ဖျော်ဖြေသွားရမှာဖြစ်ပါတယ်။ ဒီပွဲအတွက် စက်တင်ဘာလ(၁၄) ရက်နေ့ကစပြီး တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ SL Studio မှာ Training တွေလုပ်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ(၈) ရက်နေ့မှာတော့ Training ကာလအောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပြီလို့ သိရပါတယ်။ 

" ကျွန်တော်တို့ရဲ့ Training ကာလကြီးက ပြီးဆုံးခဲ့ပါပြီ ၊၊ ဒီလို Training မျိုးက ကျွန်တော်တို့ အားလုံးရဲ့ အိပ်မက်ကြီးတစ်ခုပါ ၊၊ သင်ကြားပေးလိုက်သော ပညာတွေကို အမြဲမှတ်သားထားပြီး ဆက်လက်လေ့ကျင့်သွားပါ့မယ် ၊၊ အခွင့်အရေးရှိသေးရင်လဲ ပြန်လည်ဆုံဆည်းချင်ပါသေးတယ် ။ အချိန်ရခဲ့ရင်လဲ မြန်မာနိုင်ငံကို လာလည်ဖို့ ဖိတ်ခေါ်ချင်ပါတယ်ဗျ" ဆိုပြီးတော့ အောက်တိုဘာလ(၈) ရက်နေ့ ညနေ (၆) နာရီက သူတို့ရဲ့ Project K အဖွဲ့ရဲ့ Official Facebook Page မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Asia Song Festival 2020 ဂီတဖျော်ဖြေပွဲ အတွက် အစစအရာရာ စီစဉ်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း Project K အဖွဲ့သားတွေက ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။ 

Photo: Project K

Asia Song Festival 2020 ဂီတဖျော်ဖြေပွဲမှာတော့ အာရှနိုင်ငံ အသီးသီးမှာရှိကြတဲ့ ဂီတအနုပညာရှင်များက ပါဝင်သီဆိုသွားကြမှာဖြစ်ပါတယ်။ ဒီပွဲကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၅) နာရီခွဲမှာ ( ASF homepage link- http://asiasongfestival.kr/en/ ) ၊ (The K-Pop YouTube link - https://m.youtube.com/c/TheKPOP) နဲ့ ( Final Lineup YouTube Link - https://youtu.be/DzmmPm-2iiE) စတဲ့ Link တို့ကနေ တိုက်ရိုက် ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ Asia Song Festival 2020 ဂီတဖျော်ဖြေပွဲကတော့ Project K အဖွဲ့အတွက် ပထမဆုံးအကြိမ် ပါဝင်ဖျော်ဖြေခွင့်ရတဲ့ ပွဲဖြစ်လို့ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်တယ်လို့လည်း ပြောပြထားပါသေးတယ်။ 

Photo: Project K

Project K အဖွဲ့ဟာ လူငယ်ကောင်လေး(၇)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ ပြီးခဲ့သော လပိုင်းလောက် The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်နဲ့ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က