စားဝတ်နေရေး ခက်ခဲနေကြတာကို သိပါတယ်တဲ့။

ဒိန်းဒေါင်ကတော့ သူ့ရဲ့ တိုက်ခန်းမှာငှားရမ်းနေထိုင်သူတွေ ဆီကနေ Covid ကာလအတွင်းမှာ အိမ်လခ မယူဘဲ နေထိုင်ခွင့်ပြုလိုက်ပြီလို့ ဆိုပါတယ်။ 

Photo: Daing Daung



ပရဟိတအလုပ်နဲ့ ပတ်သက်ပြီး လက်မနှေးတဲ့ ဒိန်းဒေါင်ကတော့ အောက်တိုဘာလ(၁၀) ရက်နေ့မှာ ကျရောက်မယ့် မိခင်ဖြစ်သူရဲ့ မွေးနေ့အတွက် ပီတိဖြစ်စရာ အလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူကတော့ သူ့ရဲ့ တိုက်ခန်းတွေမှာ ငှားရမ်းနေထိုင်နေတဲ့ အိမ်ငှားတွေဆီကနေ Covid ကာလ အတွင်း အိမ်လခ မယူတော့ဘူးလို့ သိရပါတယ်။ 

" ရန်ကုန်မြို့တွင်ရှိသော ကျွန်တော်ပိုင်ဆိုင်သည့်တိုက်ခန်းများတွင် ငှားရမ်းနေထိုင်သူများသို့

ယခု ကိုဗစ်ကာလအခြေနေများတွင် စီးပွားရေးအခြေနေများကျဆင်းနေသောကြောင့် စားဝတ်နေရေးအခက်ခဲများကိုသိရှိညှာတာသောအားဖြင့် ကျွန်တော်ဒိန်းဒေါင်(ခ)တင်ဌေးမှ နှစ်ဖက်သောမိဘများအားအမှုးထား၍ ကျွန်တော်၏ မိခင်ဒေါ်တင်ထွေးမွေးနေ့အထိမ်းအမှတ် မိသားစုအလှုအဖြစ် မနက်ဖြန်(10.10.2020) စနေနေ့ မှစ၍ ကိုဗစ်ကာလပီးဆုံးသည်ထိတိုင်အောင် တိုက်ခန်းငှားရမ်းခ အခကြေးငွေ တစ်ပြားတစ်ချပ်မှပေးရန်မလိုတော့ပဲ မေတ္တာစေတနာဖြင့်သာ အခမဲ့နေထိုင်ခွင့်ပေးလိုက်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား" ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့ နေ့လယ်(၂) နာရီကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Daing Daung

လူရွှင်တော် ဒိန်းဒေါင်ဟာ ကိုယ်ပိုင် ပရဟိတအသင်းဖြစ်တဲ့ ချွန်တွန်း ပရဟိတအဖွဲ့နဲ့ အတူ အလှူအတန်းတွေလုပ်နေတာ တွေ့ရသလို လူရွှင်တော်အသင်း(ရန်ကုန်) ပရဟိတအဖွဲ့သားတွေနဲ့လည်း ပူးပေါင်းပြီး အမှန်တကယ် လိုအပ်မှုရှိနေတဲ့ နေရာတွေသို့ စားနပ်ရိက္ခာများ၊ ငွေကြေးထောက်ပံ့မှုများ လှူဒါန်းလျှက်ရှိတာကိုလည်း တွေ့ရပါတယ်။ သူဟာ ဘာသာတရားကိုလည်း အင်မတန် ကိုင်းရှိုင်းသူ တစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် အနန္တမေတ္တာ မိဘကျေးဇူးဆပ် စေတီတော် ကြီးကိုလည်း ကိုယ်ပိုင် တည်ထား ကိုးကွယ်လျှက်ရှိပါတယ်။ 

Photo: Daing Daung

ဒိန်းဒေါင်ကတော့ အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင် တည်ထောင်ထားတာပေမယ့် Covid ကာလကြောင့် နယ်လှည့်ဖျော်ဖြေရေးတွေ ရပ်နာထားတယ်လို့ သိရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒိန်းဒေါင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူ ခင်လှိုင်နဲ့ TV Program တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က