အဘွားအတွက် တတ်နိုင်တဲ့ အလှူလေး လုပ်ခဲ့ပါတယ်တဲ့။

ပိုပိုဟာ လမ်းဘေးမှာ တဲထိုးပြီးနေထိုင်ရတဲ့ အဘွားအတွက် လိုအပ်တာတွေကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Po Po



ပိုပို ကတော့ Covid ကာလမှာအလှူ အတန်းတွေ အဆက်မပြတ် လုပ်ဆောင်နေသူတစ်ယောက်ပါ။ ဒီနေ့ ( အောက်တိုဘာလ ၁၀ ရက်)မှာတော့ လမ်းဘေးမှာ တဲထိုးပြီး နေထိုင်ရတဲ့ အသက်(၈၃) နှစ်အရွယ် အဘွားအတွက် သူ တတ်နိုင်တဲ့ ကုသိုလ်အလှူလေး လုပ်ခဲ့တဲ့ အကြောင်း ပရိသတ်ကို မျှဝေခဲ့ပါတယ်။ 

" ဒီနေ့ လမ်းဘေးမှာ တဲလေးနဲ့နေတဲ့ အသက် (၈၃) နှစ်အဘွားကို ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ ထမီနဲ့ ပိုက်ဆံအပြင် အဘွားတဲလေးကိုပြင်ပေးဖို့ ပိုက်ဆံလှူခဲ့ပါတယ်။ ယခု ပြုရ ကုသလကြောင့် ကူးစက်ရောဂါများ ပျောက်ကင်းကြပါစေ။ ဒီအဘွား က သားသမီးမရှိပါဘူးရှင့်။ တစ်ယောက်တည်းနေတာပါ။ သဘာဝ ရိပ်သာ၊ ဆည်းဆာ ရိပ်တို့လို နေရာမျိူးမှာ နေရမယ်ဆို နေချင်ပါတယ်တဲ့ ကူညီပေးကြပါဦးရှင့်" ဆိုပြီးတော့ အောက်တိုဘာလ (၁၀) ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Po Po

Covid ဒုတိယလှိုင်းမှာတော့ ပိုပိုဟာ ဂီတအလုပ်တွေ လုံးဝ ရပ်နားလိုက်တယ်လို့ သိရပါတယ်။ သူမရဲ့ သီချင်းတွေကို အားပေးတဲ့ ပရိသတ်တွေကြောင့် Ringtune တွေ၊ You Tube တွေကနေ ရရှိတဲ့ အနုပညာကြေးတွေကို အလှူအတန်းတွေလည်း လုပ်နေသလို စားဝတ်နေရေးနဲ့ ဝန်ထမ်းစာရိတ် ဖြေရှင်းပေးနေတယ်လို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

ပိုပိုဟာ ကိုဗစ်ကာလမှာ အလှူအတန်းတွေ အနေနဲ့ မဟာဝိဟာရ ဘုန်းကြီးကျောင်းမှာရှိတဲ့ သံဃာတော်များ တရားအားထုတ်ဖို့ လိုအပ်တဲ့ ကျောင်းဆောင် တည်ဆောက်ဖို့အတွက် ကျောင်းမြေ အလှူလေး တစ်ခုကို သူမရဲ့ ပရိသတ်တွေနဲ့ စုပေါင်း လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ရပ်ကွက်အတွင်းက မိသားစုဝင်တွေကိုလည်း စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ပါသေးတယ်။ အဲဒီနောက် ပိုပိုဟာ တက္ကသိုလ်ဝန်ထမ်းကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပေမယ့် ကျောင်းဆက်မတက်နိုင်တဲ့သူတွေကို ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး ဂုဏ်ပြုဆုငွေများလည်း ပေးအပ်ခဲ့တာ တွေ့ရပါတယ်။ 

Photo: Po Po

ပိုပိုကိုတော့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အခွေမှာကတည်းက ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က