ငွေကျပ်(၁၅) သိန်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

မေလသံစဉ်ကတော့ အွန်လိုင်းပေါ်ကနေ ဈေးရောင်းလို့ ရလာတဲ့ အနုပညာကြေး (၁၅) သိန်းကို Covid ကာလမှာ ပရဟိတအလုပ်တွေ စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ We Love Yangon သို့ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: May La Than Zin



မေလသံစဉ်ကတော့ မြန်မာသံစဉ်တေးသီချင်းတွေ သီဆိုရင်း ပရိသတ် အခိုင်အမာ ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ မေလ ဟာ Covid ကာလမှာ အွန်လိုင်းပေါ်ကနေ ဈေးရောင်းပေးလို့ ရလာတဲ့ အနုပညာကြေးတွေကို အလှူအတန်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

" မနေ့က ရွှေသမီးရွှေဆိုင် Liveလွှင့်ဈေးရောင်းလို့ ရတဲ့ အနုပညာကြေး ၁၅ သိန်းကို Covid-19 ကာကွယ် ကုသ တိုက်ဖျက်ရေးအတွက် လှူဒါန်းဖြစ်ပါတယ်။ တကယ်တော့ Live လွှင့်ပြီးဈေးရောင်းရတာမေလ အသက်အရွယ်နဲ့ ပင်ပန်းတယ်လို့ ခံစားရပါတယ်။Live တစ်လျှောက်လုံးလည်း အမှားမရှိအောင် ဂရုစိုက်ရတော့ စိတ်ရော လူပါ မောပါတယ်။ အမှန်အတိုင်းပြောရရင် Liveလွှင့် ဈေးရောင်းတာ မလုပ်ချင်ပေမယ့် အလှူအတွက်ဆိုပြီး အားတင်းလုပ်ခဲ့ရတာ မေလရဲ့we love သံမဏိလေးတွေ နားလည်ပေးစေချင်ပါတယ်။ မေလ အလှူလေးကို တစ်ဦး တစ်ယောက်မကျန် ကုသိုလ် ထပ်တူ ဝေမျှပါတယ်နော်" ဆိုပြီးတော့ အောက်တိုဘာလ ၁၂ ရက်နေ့ ည ၇ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: May La Than Zin

မေလသံစဉ်ဟာ Covid ကာလမှာ ရိုက်ခွင့်ရတဲ့ ကြော်ငြာလေးတွေ၊ အွန်လိုင်းကနေ ဈေးရောင်းပေးရတာတွေထဲက ရရှိလာတဲ့ အနုပညာကြေးတွေကို အလှူအတန်းတွေ အမြဲလုပ်လေ့ရှိသူ တစ်ယောက်ပါ။ နောက်ထပ် ဂီတလှုပ်ရှားမှုအနေနဲ့ “ ပြန်လည်ဆန်းသစ် နှောင်းတခေတ်” ဆိုတဲ့ အခွေလေးကို နောက်ဆုံး အနေနဲ့ ထွက်ရှိထားပါတယ်။ ဒီအခွေထဲမှာတော့ သူမက တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေ ရရှိခဲ့တဲ့ သီချင်းလေးတွေကို ခေတ်အနေအထားနဲ့ အဆင်ပြေအောင် ပြန်လည် ဆန်းသစ်ထားတာကိုလည်း တွေ့ရပါတယ်။ 

Photo: May La Than Zin

မေလသံစဉ်ကိုတော့ Melody World 2017 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အသံပါဝါအားကောင်းတဲ့ သီဆိုတတ်ပုံတွေက ပရိသတ်ကို သတိထားမိစေခဲ့ပါတယ်။ မြန်မာသံစဉ်တွေသာမက ခေတ်အကြိုက် Pop သီချင်းချိုချိုလေးတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်သူပါ။ ကလေး သရုပ်ဆောင် အနေနဲ့လည်း Music Video တွေ၊ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က